Arc 4.6

10.9K 1.3K 100
                                    

အိမ်ထဲဝင်ဖို့ပြင်နေတဲ့သူလေးကြောင့်
ယူဂျယ်အင်မှာ ကြံရာမရ နေမကောင်းတာ မဟုတ်တဲ့အတွက်စိတ်ပူစရာ မလိုတော့ပေမယ့် မျက်နှာလေးကိုတော့ ကြည့်လို့မဝသေးဘူးလေ

"ကျနော့်ကို အိမ်ထဲဝင်ဖို့ မခေါ်တော့ဘူးလား အကို "

ဖြစ်နိုင်ရင် babyလေး အချစ်ကလေး ကလေးလေးလို့ အမြတ်တနိုးခေါ်ချင်ပေမယ့် အခုချိန်မှာခေါ်လို့မဖြစ်​သေး
အကိုဆိုသော ဝေါဟာရလေးကသာ ချစ်စရာ့လူ​မိုက်လေး စိတ်ကျေနပ်စေနိုင်မှာ

"ဘာအတွက် အိမ်ထဲဝင်ဖို့လိုတာလဲ "

သေချာနေပီ ဒီကောင်လေးဆီမှာ အကြံအစည်တစ်ခုခုရှိနေတာပဲ

*Xiao Paing ဒီကလေးက
ချွဲယွန်းဆန်းကို မိတ်ဆွေဖွဲ့ပြီး နောက်ကျောဓားနဲ့ထိုးတဲ့ နည်းလမ်းကို သုံးခဲ့တာမလား *

*hostလေးက တော်လာလိုက်တာ
100%မှန်တယ်

မူလဇာတ်ကြောင်းမှာ ယူဂျယ်အင်က ချွဲယွန်းဆန်းကို အငြိုးကြောင့်မိတ်ဆွေဖွဲ့ခဲ့တာ
ဒါကိုတလျှောက်လုံး ချွဲယွန်းဆန်းက သတိမထားမိခဲ့
သူငယ်ချင်းကောင်းတစ်ယောက်လို့ပဲ ယုံကြည်ထားခဲ့တာ
မိဘတွေရဲ့ မတော်တဆမှုကို အဒေါ်ဖြစ်ရဲ့ လုပ်ကြံဇာတ်ဆိုပြီး
နားယောင်​လာအောင်ပြောပေးနေတဲ့ အဓိက တရားခံက ယူဂျယ်အင်
မိဘအမွေအနှစ်ကို ချွဲယွန်းဆန်းပဲ ပိုင်ဆိုင်သင့်တာမို့ အကြံကြီးတဲ့ အဒေါ်
သူ့လိုပဲ ပြန်လုပ်ကြံရမယ်ဆိုတဲ့ အတွေးမဝင်ဝင်အောင် သက်သေအတုတွေနဲ့ လစ်ဟာမှုမရှိ အစအဆုံး သရုပ်ဆောင်နိုင်ခဲ့တဲ့ ယူဂျယ်အင်က ဇာတ်လိုက်အတွက် အကောင်းဆုံး အထောက်အပံ့ပါ *

host အစားဝင်ရောက်လာပြီးနောက် ယူဂျယ်အင်ရဲ့ character ပြောင်းလဲသွားတာကိုတော့ ပြောပြလို့မရ
xiao paingလေးက hostမေးတာနဲ့ သိထားသင့်တာပဲ ပြောပြလို့ရတာ
ကျန်တာပြောပြခွင့်မရှိ
ဒါတောင်hostစိတ်တိုင်း​ကျ dataကို pointနဲ့ ဝယ်ရတဲ့ စနစ်ကို ကိုယ့်ဘာသာ ဖျက်သိမ်းပစ်လို့ အထက်ကို ထုချေလွှာတင်လိုက်ရသေးတာ
ဒါတွေကို hostလေးသိရင် xiao paingလေးကို အားမနာတမ်းခိုင်းတာတွေ​များ လျှော့ပေးလောက်မလား

ဆန်းဆန်းကြီး systemWhere stories live. Discover now