Arc 5.14

6.4K 818 34
                                    

ပူဆွေးမှုကြောင့် ညနှစ်နာရီကျော်ထိ အိပ်မပျော်နိုင်တဲ့ Gumက လက်ထဲမှာ သောက်လက်စ ဘီယာဘူးအပြင် ဘေးက ကြမ်းပြင်မှာလဲ သောက်ပြီးသား ဘူးခွံတွေက ပြန့်ကျဲလို့
အခန်းတံခါးကို ကျောမှီကာ မျက်နှာချင်းဆိုင်
မှာရှိတဲ့ ချစ်ရသူလေးအခန်းကို ငေးမောရင်း
ပါးစပ်ထဲ ဘီယာတွေ လောင်းချနေပေမယ့်လည်း ရင်ထဲက ပူပန်မှုကို တော့ မပြေပျောက်စေနိုင်
ရိပေါ်ဆိုတာ ရှန့်အတွက်ဘယ်လိုလူမျိုးလဲဆိုတဲ့ မေးခွန်းရဲ့ အ​ဖြေက Gum အတွက် သိပ်ကို အရေးပါလွန်းသည်

မျိုသိပ်မထားနိုင်တဲ့ အဆုံး
အိပ်စက်နေတဲ့ ချစ်ရသူလေးရဲ့
အခန်းတံခါးကို တဒေါက်ဒေါက်ခေါက်လို့ နှောက်ယှက်ရပြန်သည်

မျက်လုံးတောင်ကောင်းကောင်းမဖွင့်နိုင်သေးဘဲ အိပ်ချင်မူးတူးနဲ့ တံခါးလာဖွင့်ပေးတဲ့ အချိန်ခဏလေးတောင် ရှန့်က ချစ်ဖို့ကောင်းလွန်းနေပြန်တော့ လက်လွှတ်အဆုံးရှုံးမခံနိုင်တဲ့ သူက အတ္တကြီးနေတာ မဟုတ်ဘူးမလား

"Gum အချိန် မတော်ကြီး ဘာကိစ္စ"

ဖွင့်လျက်သား တံခါးဘောင်ကို မှီပြီး
လေးလေးကန်ကန်အသံလေးနဲ့ မေးလာတော့မှ Gumက လိုရာ အကြောင်းအရာကို မဝံ့မရဲ
အသံတိမ်တိမ်နဲ့ ထုတ်မေးရှာသည်

"ရိပေါ်ဆိုတဲ့လူက ရှန့်အတွက် ဘယ်လောက်အထိအရေးပါလဲ "

ရှောင်းကျန့်ရဲ့ အိပ်ချင်စိတ်အားလုံးဟာ Gumရဲ့ မေးခွန်းအောက်မှာ အလုံးစုံ ပျောက်ကွယ်သွားရသည်
မေးပြန်ပြီ သူမဖြေတတ်တဲ့ ဒီမေးခွန်းကို
နာမည်ကွဲပြီး လူတစ်ယောက်တည်း ဖြစ်ကြောင်းကို ဘယ်လိုရှင်းပြလိုက်ရမလဲ

"ဖြေရခက်နေလား ရှန့်
ဒါမှမဟုတ် ကိုယ်က ရှန့်တို့အကြောင်း သိဖို့လောက်ထိ အရေးမပါလို့များလား
ဟုတ်သားပဲ ကိုယ်မေ့ထားမိတာ
ရှန့်ကကိုယ့်ကိုယ် ကူညီနေတဲ့ ဟန်ဆောင်ခင်ပွန်းသက်သက်ဆိုတာ "

Gumမျက်ရည်ကျနေတယ်
ဒါက ရှန့်အတွက် အတည်ကြီး ခံစားပြီး သဝန်တိုနေတာလို့ ဆိုလိုလိုက်တာ မလား
မဖြစ်သေးပါဘူး Gumငိုနေတာ မကြည့်ရက်ဘူး Gumအတွက် အကောင်းဆုံး အဖြေတစ်ခုပေးမှ ဖြစ်တော့မယ်
မဟုတ်ရင် သူ့ကိုယ်သူ သဝန်တိုနေတာကြည့်ပြီး ရှောင်းကျန့် မ​ခံစားနိုင်တော့ဘူး

ဆန်းဆန်းကြီး systemWhere stories live. Discover now