Arc 1.7

17.1K 1.7K 73
                                    

ရိပေါ် ညီလာခံကို အမြန်အဆုံးသတ်ပြီး
နန်းဆောင်ကို အမြန်ပြန်ရောက်ဖို့သာ စိတ်လောနေခဲ့တယ်
ဘာလို့ဆို  သူ့ရဲ့နန်းဆောင်မှာ ကြင်ယာတော်လေးကို အလုပ်တွေ ခိုင်းထားခဲ့တာ
သူ့အဆောင်ကနေအရမ်းပြန်ချင်နေတဲ့ကြင်ယာတော်လေးကြောင့် တမင်ညစ်ပြီး ခိုင်းထားခဲ့တာပင်
အဆောင်တော်တစ်ခုလုံးကို ကြင်ယာတော်လေး တစ်ယောက်တည်းသာ သန့်ရှင်းရေးလုပ်ဖို့ အမိန့်ပေးခဲ့တာ
အရင်လည်း အခုလို အလုပ်တွေ ခိုင်းနေကြဆိုပေမယ့်
ဒီနေ့မှထူးထူးဆန်းဆန်း ကြင်ယာတော်လေး တစ်ယောက်တည်း ပင်ပန်းနေမှာပဲ ဆိုတဲ့ စိုးရိမ်စိတ်တို့ ဖြစ်ပေါ်လာ​တာကြောင့်
နန်းဆောင်ကို အမြန်ရောက်ချင်စိတ်သာလောနေခဲ့တာ

သူထင်နေခဲ့တဲ့ အတိုင်းပဲ သူ့နန်းဆောင်ကိုပြန်ရောက်တော့ သူ့ရဲ့ ကုတင်ပေါ်မှာ ကွေးကွေးလေးအိပ်နေတဲ့ ကြင်ယာလေးက အရမ်းပင်ပန်းသွားပုံ
အိပ်နေတာများ နှစ်နှစ်ခြိုက်ခြိုက် သူ့အိပ်ယာအတိုင်းပဲ 
လက်တစ်ဖက်က သန့်ရှင်းရေးလုပ်နေပုံပေါ်တဲ့ အဝတ်စလေးကိုကိုင်ထားပြီး
တစ်ခြမ်းစောင်းအိပ်နေတာမို့ ပေါ်နေတဲ့ ပါးဖောင်းဖောင်းလေးတစ်ဖက်နဲ့ အတူ နှုတ်​ခမ်းလေးက ထော်ထွက်နေတာ
တကယ်အသည်းယားစရာလေး
ရိပေါ်​လည်း အိပ်နေတဲ့ ကြင်ယာတော်လေးကို အူယားလာတာမို့ ပါးဖောင်းဖောင်းလေးကို ဖိဆွဲလိုက်တာတောင် နိုးမလာတဲ့ ကြင်ယာတော်လေးက အရမ်းပင်ပန်းနေပုံ
ဒါကြောင့် ထပ်မနှောက်ယှက်တော့ဘဲ
အခန်းထဲမှာတင် တိုင်ကြားစာ ​တွေ အစီရင်ခံစာတွေ ဖတ်နေလိုက်တော့တယ်
ဒါပေမယ့် ရှင်ဘုရင်ကြီးဟာ မတရားခံရကြောင်း တိုင်ကြားစာ​ကို ဖတ်နေခဲ့ပေမယ့်
မျက်နှာတော်မှာတော့ မဟားတရားတွေ ပြုံးနေခဲ့မိတာကို သတိမထားမိဘူးတဲ့
စာတွေနေရာမှာ သူထိကိုင်ခဲ့တဲ့ နူးညံ့အိစက်​နေတဲ့ ပါးဖောင်းဖောင်းလေးကိုသာ မြင်ယောင်နေခဲ့တာကို

ရိပေါ်လည်း စာလွှာတွေအားလုံး ဖတ်လို့အပြီး အထိန်းတော်ကြီးရဲ့

"ပွဲတော်တည်ဖို့ အားလုံး အဆင်သင့်ဖြစ်နေပါပီ အရှင် ပြင်ဆင်လိုက်ရတော့မလား "
ဆိုတဲ့လျှောက်တင်စကာတွေကိုကြားမှ အချိန်ကို သတိထားမိတယ် မွန်းတည့်ချိန်တောင်​တော်တော်ကျော်သွားပြီပဲ
သို့ပေမယ့်လို့ သူ့ရဲ့ ကြင်ယာတော်လေးက
မနိုးရှာသေးဘူး အိပ်လို့ကောင်းနေတုန်း
ဒီကြင်ယာတော်လေးနဲ့တော့ခက်ပြီ
အိပ်နေတဲ့ပုံလေးကတောင် ချစ်စရာကောင်းတာမို့ မနှိုးရက်
ဒီရက်ပိုင်းကြင်ယာတော်လေးပေါ်ထားတဲ့ သူ့ရဲ့ သဘောထားတွေက ပြောင်းလဲနေပြီ
ရန်သူ့သားဆိုပြီး အရင်လို နှိပ်ကွပ်မယ်တွေးတိုင်း မလုပ်ရက်တော့ သူလေးရဲ့ အပြုအမူတွေကိုလည်း ချစ်ဖို့ကောင်းတယ်လို့ မြင်တတ်လာပြီ
တခြားကြင်ယာတော်မိန်းကလေးတွေအပေါ်တောင် ဒီလိုအမြင်မျိုးမရှိခဲ့ဖူးဘူး
​ဒီကြင်ယာတော်လေးအပေါ်ထားတဲ့ သူ့ရဲ့ စိတ်တွေ ပြောင်းလဲသွားခဲ့ပြီလား
သေချာစမ်းစစ်မှရတော့မယ်

ဆန်းဆန်းကြီး systemWhere stories live. Discover now