Arc 5.5

8.5K 1.1K 112
                                    

ဘယ်လိုရေစက်လည်း မသိပေမယ့် ရှောင်းကျန့် ကံဆိုးတာ​တော့ သေချာပါတယ်
မနက်က ကုန်တိုက်မှာ ကိုက်ခဲ့မိတဲ့လူရဲ့ အိမ်ကို ညနေဘက်မှာ ခိုးဝင်သလို ဖြစ်သွားခဲ့မိလို့
ဒါပေမယ့် အလျှောက်ကောင်းရင် အထောင်းသက်သာဆိုသလို
ရှောင်းကျန့်ပေးမယ့် ခိုင်လုံတဲ့ အကြောင်းပြချက်တွေကြောင့် ခွင့်လွှတ်ပေးကောင်းပါရဲ့

"ဒီက အကိုအိမ်ကို ပိုင်စိုးပိုင်နင်း ဝင်လာတာ မဟုတ်ပါဘူး
ကျနော်က ဒီနေ့မှ ဟိုဘက်ခြံ ပြောင်းလာတာလေ မိတ်ဖြစ်ဆွေဖြစ် ထမင်းစားလာဖိတ်တာပါ "

မျက်နှာလေးမှာ အချိုဆုံးအပြုံးလေးကို တပ်ဆင်ပြီး လိမ်ပြောလည်း ဒီအကိုကတော့ ယုံလောက်မှာပါ
ရှောင်းကျန့်မျက်နှာလေးက ဘယ်လောက်ဖြူစင်လိုက်လဲ

"အဲ့လိုလား ဒါဆိုလည်း လိုက်မယ်လေ ရှေ့ကသွား "

Gum ကလည်း ရှေ့ကတရားခံလေးကို သေချာပေါက်မှတ်မိတာပေါ့
ဘယ်သူမှ မထိရဲတဲ့ သူ့ကို ကိုက်သွားတဲ့ လူထူးဆန်းလေး
တိုက်ဆိုင်ချင်တော့ ကိုယ့်အိမ်ဘေးကို ပြောင်းလာတယ်တဲ့လား
ပြီးတော့ ကိုယ့်အိမ်ထဲလည်း တန်းတန်းမတ်မတ်ရောက်လာသေးတယ်
စိတ်ဝင်စားဖို့ကောင်းတာမို့ ထမင်းစားဖိတ်တာကို မငြင်းချင်ဘူး

ရှောင်းကျန့်ခေါ်တာကို တကယ်လိုက်လာတဲ့ လူကြီးကြောင့် တယ်တယ်နဲ့ ရှောင်းကျန့် နှစ်ယောက်စာသာ ချက်ထားတဲ့ ဟင်းတွေကို
မသထာစွာ ချပေးနေတယ် လစ်ရင်လစ်သလို မျက်စောင်းထိုးပြီး ကျိန်ဆဲဖို့လည်း မမေ့ ​
ဒါပေမယ့် ရှောင်းကျန့်ဆိုတာလည်း ခေါင်းရှုပ်ခံတတ်တဲ့ လူစားမျိုး မဟုတ်တာမို့
နှစ်ယောက်စာ ညစာထဲက ဟိုလူ့ကို တစ်ဝက်ကျွေးပြီး တဝက်က သူစားမှာ
တယ်တယ်ကိုတော့ အငတ်ထားမယ်
သူမွှေလို့ ဖြစ်ရတာလေ
(တယ်တယ်က လိပ်ဆိုတာ မေ့နေသော ရှောင်းကျန့်ရယ်ပါ )

"ဒါနဲ့ နာမည်ခုထိ မိတ်မဆက်ရသေးဘူးနော်
မိတ်ဆွေဖြစ်ချင်တာဆို "

ဟင်းပွဲတွေ နေရာချလို့အပြီး မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်တဲ့ ​ကောင်လေးကို မေးလိုက်တဲ့ Gum
ပုံမှန်ဆို ကိုယ့်အကြောင်းကလွဲရင်  စိတ်မဝင်စားတတ်တဲ့ Gum က
ဒီလူထူးဆန်းလေး သူ့နာမည် မိတ်ဆက်မလာသေးတာကို စိတ်ထဲမှာ မတင်မကျ
သိချင်လာတော့လည်း ထုတ်မေးရတာပါပဲ

ဆန်းဆန်းကြီး systemWhere stories live. Discover now