Arc 5.1

13.8K 1.2K 58
                                    

ဇာတ်လိုက်ကြီး ယူဂျယ်မင်းဟာ
ထိရောက်တဲ့ကုသမှုတွေ ခံယူပြီး 6 လ အကြာမှာပဲ သတိပြန်လည်လာခဲ့တယ်
ယူဂျယ်မင်းရဲ့ ပြန်လည်နိုးထလာမှုကြောင့် ရှောင်းကျန့်ရဲ့ ဒီကမ္ဘာအတွက် missionဟာလည်း အလုံးစုံပြီးမြောက်အောင်ခဲ့တယ်

ယူဂျယ်မင်းအနေနဲ့ သတိပြန်လည်လာပြီးနောက် ပြန်လည်ထူထောင်ရေးအတွက်လည်း အချိန်နှစ်လနီးပါးထပ်ပြီး သုံးစွဲလိုက်ရတဲ့ အတွက် သူ့ဘဝရဲ့ အချိန် 2နှစ်နဲ့ 8လ
ဟာ အကျိုးမရှိဘဲ ကုန်ဆုံးသွားတာကြောင့်
ချာဆူမင်ကို ပြိုင်ဆိုင်လိိုစိတ်
ချွဲယွန်းဆန်းကို သဘောကျတဲ့ စိတ်တွေကိုတောင် ဂရုမစိုက်နိုင်ဘဲ ရတဲ့ အချိန်မှာ သူ့ဘဝတက်လမ်းတွေ အတွက် အသည်းအသန်ပြန်ကြိုးစားနေရတယ်
ယူဂျယ်မင်းဆိုတာ အစောတည်းက လူတော် တစ်ယောက်ဖြစ်ချင်ခဲ့တာလေ
နောက်ဆုံးတော့လည်း မမဆောလီနဲ့ ချစ်သူတွေ ဖြစ်ရ​တာပါပဲ
ကံကြမ္မာက သတ်မှတ်ပြီးသားပဲဟာ

ယူဂျယ်အင်ကတော့ ဆောင်းဟိုဆိုတဲ့ ကောင်လေးနဲ့ လက်ထပ်ပြီး သုံးလအကြာမှာ အကြောင်းပြချက် ရေရေရာရာ မရှိဘဲ သေဆုံးသွားခဲ့တယ်
ဒီအချက်က လူတိုင်းကို အံ့အားသင့် စေသလို ရှောင်းကျန့် အတွက်လည်း ထူးဆန်းနေခဲ့တယ် ယူဂျယ်အင် ကျန်းမာရေးပြသနာ တစ်စုံတစ်ရာ မရှိတဲ့ လူငယ်လေး
အိပ်နေရင်းသေဆုံးသွားတယ်ဆိုတာ
သူအရင်ကမ္ဘာက ထွက်ခဲ့တဲ့ပုံစံနဲ့ အတော်လေးဆင်တူခဲ့တာ
xiao paing ကို မေးတော့လည်း
တိတိကျကျ အဖြေပေးတာမျိုးမရှိ
ထွက်သွားဖို့ အချိန်တန်လို့ ဆိုတာပဲ ပြောပြောနေတာ
ကြာတော့လည်း ရှောင်းကျန့်လေးလဲ မေ့သွားရော
ကိုကို ဆူမင်နဲ့ ပျော်နေတာလည်းပါမှာပေါ့
ဒါပေမယ့် ချွဲယွန်းဆန်းဘဝ အကြာကြီးနေဖို့
အခွင့်မရဘူးထင်ပါရဲ့
ချွဲယွန်းဆန်း အသက် 31မှာပဲ
ကားaccident နဲ့ သေဆုံးရတယ်
မှတ်မှတ်ရရဆို ချာဆူမင်နဲ့ ချွဲယွန်းဆန်း လက်ထပ်ပြီး 4နှစ်မြောက်ပဲရှိသေးတာ
ကိုကို သနားပါတယ် ငိုနေတော့မှာပဲ

*Congratulations host
လက်ထပ်ထိမ်းမြှားခြင်းအဆင့် လေးကမ္ဘာ
mission ပြီးမြှောက်အောင်မြင်ပါတယ်
ကမ္ဘာအစစ်မှာ ပြန်လည်ရှင်သန်ခွင့် 30%
ရရှိသွား​ပါပြီ *

ဆန်းဆန်းကြီး systemWhere stories live. Discover now