Arc 2.9

12.4K 1.4K 65
                                    

ရှောင်းကျန့် အိမ်ပြန်ရောက်တော့ ကုတင်ပေါ်မှာ အနားယူနေရင်း
ဘေးက တဂွမ်ဂွမ်လာနေတဲ့ phကို ကြည့်ပြီး စဥ်းစားခန်းဝင်နေရသည်
ဒီDrဆိုတဲ့ လူကြီးကို ဘယ်လိုလမ်းခွဲစကားပြောရပါ့
တွဲတဲ့ ရက်က အနည်းငယ်သာရှိသေးသည်မို့ ချက်ချင်းကြီး လမ်းခွဲပစ်ရမှာ အားတော​့ နာသည်
သို့ပေမယ့် မတတ်နိုင် ဟွေ့လူကြီးဆန္ဒကိုလည်း ငြင်းဆန်လို့မရ
9ခေါက်မြောက်လာတဲ့ phကျမှ
အစိမ်းရောင်အဝိုင်းလေးကို ထိကိုင်လိုက်တယ်

ရှောင်းကျန့်လေးကသာ အေးဆေးနေပေမယ့်
တဖက်လူခမျာ စိုးရိမ်စိတ်တို့ကြောင့် ရင်ထဲမီ​းတောက် နေရတယ်
ဟွေ့companyရဲ့ ရုံးဆင်းချိန် 5နာရီအမှီ
4:30လောက်ကတည်းက ရှိသမျှအလုပ်တွေကို အကုန်ပစ်ထားခဲ့ပြီး companyရှေ့ မှာ
ချစ်ရသူလေးကို စောင့်နေရှာတဲ့ ချင်းဖန်
ရုံးဆင်းသွားတဲ့ သူတွေ အကုန်လုံး မရှိတော့တောင် ချစ်သူလေး မျက်နှာကို မ​တွေ့ခဲ့ နောက်ဆုံးကျန်တဲ့ လုံခြုံရေးကို မေးတော့မှ
ရုပ်ချောချော အရပ်ရှည်ရှည် သေးသွယ်သွယ်နဲ့ ကောင်လေးဟာ
CEOနဲ့ အတူ ရုံးအစောဆင်းသွားသည်တဲ့
လာကြိုမယ်လို့ သေချာမှာထားတာတောင် အရေးမလုပ်တဲ့ ချစ်သူလေးကို စိတ်မတိုရက်ပြန် ချစ်လွန်းတာကိုးး
ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့အတွက်တော့ မျက်နှာလေးကို မြင်ချင်သေးတာမို့ ချစ်ရသူလေးရဲ့ အိမ်ရှေ့မှာ စောင့်နေပြီး
ရောက်နေကြောင်း ဖုန်းဆက်တော့လည်း မရ
မကိုင်မချင်းဆက်နေပြန်တော့ ၉​ကြိမ်မြောက်မှာ Helloဆိုတဲ့ အသံချိုချိုလေး ကျေနပ်ပါပြီ ဒီလောက်ဆိုရပြီ

📱bae ကိုယ် အိမ်ရှေ့ရောက်နေတယ် ခနထွက်ခဲ့ပါအုံး

ရှောင်းကျန့်လေးက ဖုန်းထဲကနေ လမ်းခွဲစကားပြောဖို့ ပြင်ဆင်နေတာလေ
Drက အိမ်ရှေ့ရောက်နေတယ်ပေါ့
အဲ့တော့လည်း မရက်စက်တတ်တဲ့
ရှောင်းကျန့်လေးကပဲ လူကိုယ်တိုင်တွေ့ပြီး
ပြောပေးရမှာပေါ့ အလျဥ်းသင့်လိုက်လေခြင်း ဖုန်းထဲက လမ်းခွဲဖို့ Drကို အားနာနေခဲ့တာ Drပေးခဲ့တဲ့အကူအညီတွေ အတွက်တော့
တခြားနည်းနဲ့ ပြန်ကူညီပါ့မယ်လေ

ခနစောင့် ကျွန်တော် ထွက်လာခဲ့မယ် 📱

baeရဲ့ စကားလေးတွေကြောင့် ချင်းဖန်မျက်နှာမှာ အပြုံးတွေဝေလို့
baeက လိမ္မာလိုက်တာ ဆိုပြီးတော့ပေါ့

ဆန်းဆန်းကြီး systemWhere stories live. Discover now