Arc 3.11

10.8K 1.3K 63
                                    

အချစ်နတ်ဘုရားရဲ့ အဆောင်တော်ရှေ့
မက်မွန်ပင်အောက် သစ်သားခုံတန်းလေးမှာ
တစ်ဝိုင်းထောင်ကာ ရစ်နေပါသော ရင်း
မက်မွန်ဝိုင်လေးတစ်ငုံသောက်ပြီး
ပါးမို့မို့လေးတွေနီရဲနေသူ
ပါးစပ်ကလည်း

"အရှင် ကျွန်တော့ကို မလိုချင်​တော့ဘူးမလား "
ဆိုတဲ့ စကားကိုသာ ထပ်ခါထပ်ခါပြောနေသည်မှာ ဆယ်ခေါက်ထပ်မနည်း
"ဘာလို့ အဲ့လိုထင်တာလည်းမေးတော့ "
အမူးသမားလေးက ပြန်မဖြေ

ခုံတန်းလေးက အမှီမရှိတော့ ယိုင်ကာ ပြုတ်ကျမှာစိုးသူ လီဟွန်းက
နှစ်ယောက်ရဲ့ အလည်မှာရှိနေတဲ့
သေရည်အိုးကို ဘေးနားချလိုက်တယ်
ရင်းကို ထိန်းကိုင်ပေးထားမယ်ဆိုတဲ့ အတွေးနဲ့ပါ
ဒါကိုသူလေးက တစ်မျိုးတွေးပြီး

"အရှင်က ကျနော့်ကို အရက်တောင် မသထာဘူး အင့် "

ဆိုကာ ငိုနေသူလေး
လီဟွန်း အသည်းယားလွန်းလို့ သူလေးကို အခန်းပိတ် တံဆိတ်ခတ်လိုက်ချင်နေပါပီ

"မဟုတ်ပါဘူး ရင်းရယ် ကိုယ်က ရင်းကို ဖက်ထားပေးမို့ပါ "

ထိုအခါမှ မျက်လုံးလေးတွေကို ပွတ်ကာငိုနေရာကာ ရပ်သွားပြီး
ဟုတ်လို့လားဆိုတဲ့ အကြည့်နဲ့

လီဟွန်းလည်း ရင်းရဲ့ ခါးလေးကနေဆွဲယူကာ ပေါင်ပေါ်တင်ပေးလိုက်တော့တယ်
ချစ်ဖို့ကောင်းလွန်းနေတယ် ရင်းရာ

"အရှင်က ဟိုစနိုက်မကို ရင်းအနားထားတာ ဘာသဘောလဲပြော "

သူ့ရဲ့ပေါင်ပေါ်မှာ အငြိမ်မနေပဲ
လက်ညှိုးလေးနဲ့ သူ့ပါးကို အသာထိတွေ့ပြီး မျက်လုံးလေးတွေ မှေးကြည့်နေရင်း
မေးနေသူ

"စနိုက်မဆိုတာ ဘာလဲ ရင်းရဲ့ "

"ဒါလေးတောင်မသိဘူး အရှင်က တုံးလိုက်တာ စနိုက်မဆိုတာ အရှင်နဲ့ ကျွန်တော့ကို ခွဲမယ့်သူကိုပြောတာ "

"အဲ့လိုလား ဒါနဲ့ ရင်းကို မေးရအုံးမယ်"

ရင်းရဲ့ခါးလေးကို ထိန်းကိုင်ရင်း  မျက်နှာချင်းအနေအထားသို့ ပြောင်းချီလိုက်တော့
သူ့လည်ပင်းပေါ်ချိတ်ဆွဲလာတဲ့ ရင်းရဲ့ လက်သွယ်သွယ်လေးနဲ့အတူ မျက်နှာနှစ်ခုလည်း နီးကပ်စွာ
ရင်းမျက်နှာလေးကို သေချာကြည့်ပြီး

ဆန်းဆန်းကြီး systemWhere stories live. Discover now