Arc 6.7

6.2K 794 12
                                    

*ဒါက....  လျစ်လျူမရှုထားသင့်တဲ့ caseတစ်ခုပဲ *

*အင်း ဒီကမ္ဘာအတွက် ဇာတ်လမ်းအစပျိုးနေတာလည်း ဖြစ်နေနိုင်တာပဲ
မဟုတ်ရင် မူလ Plantရဲ့ မှတ်ဉာဏ်ထဲမှာ အထင်အရှားရှိနေမှာ မဟုတ်ဘူး *

*hostလေးက ထက်မြက်သူပါ
ဒီကမ္ဘာ အတွက် mission အမြန်ဆုံးပြီးမြောက်ဖို့ဆိုရင် Tonနဲ့Peter အသတ်ခံရမယ့် အချိန်ထိစောင့်မနေသင့်ဘူး *

*မြန်မြန်လှုပ်ရှားလို့ ရအောင်သာလုပ်ပေးစမ်းပါ လူပုံစံရောက်ပြီး လှုပ်ရှားလို့ မရတဲ့ ငါ့ဘဝက သစ်သားပန်းပုရုပ်ကြီးနဲ့ မကွာတော့ဘူး *

*ဟီးးး ဟုတ်သားနော် hostလေးပြောမှ သတိထားမိတော့တယ်
xiao paingပြောထားပါတယ် ညနေလောက်ဆို လုံးဝသာမန်လူဖြစ်ပြီလို့
Xiao Paing ကို ယုံ လို့ရပါတယ်*

*အင်းးး မင်းကို ယုံမိလို့ပဲ ငါ့ဘဝက ငါးဖြစ်လိုက် သစ်လုံးဖြစ်လိုက်နဲ့
မင်းသာ အကောင်အထည်ရှိတဲ့သတ္တဝါဆို
ငါ့လက်ထဲ စိစိညက်ညက်ကြေနေလောက်ပြီ *

အမလေးလေ ကြိမ်းဝါးနေလိုက်တာ hostအချောလေးရယ်
Systemမှာ တာဝန်ခံဘဝ ရောက်တဲ့အချိန်ကစလို့ ခန္ဓာမရှိ​တာကြောင့် ကျေနပ်မိတာ ဒါပထမဦးဆုံးပဲ

.........

"ဦးငယ်..."

မြို့တော်ဆီ ပြန်ဖို့ ပြင်ဆင်နေကြရင်း Peterက ဦးလေးဖြစ်သူကို စကားပြောရန် အစပျိုးသည်
အလုပ်လုပ်ရင်း စကားပြောသည်မှာ မထူးဆန်းပေမယ့်
ကလေးငယ် Peterရဲ့ မျက်နှာအမူအရာက အနည်းငယ် ထူးခြားနေသည်
ကလေးနှင့်မလိုက်အောင် ​လေးနက်လွန်းနေတာမျိုး

ဒါကို သတိထားမိတဲ့ Tonကလည်း
လုပ်လက်စအလုပ်ကို ရပ်ကာ
ကလေးငယ်​အပြောကို ဂရုတစိုက် နားထောင်ပေးဟန်ပြင်ပြီး

"အရေးကြီးပြောစရာ ရှိတာလား Peter "

"ကျေးဇူးတင်ကြောင်းပြောချင်လို့ပါ ဦးငယ် အဖိုးတန်လက်ဆောင်လေး အတွက် "

"အဖိုးတန် လက်ဆောင် "

"ပိစိလေးကိုပြောတာ
ကျနော် အရမ်းသဘောကျတယ်
ကျနော့် အပိုင်လေးအဖြစ် အနားမှာ တသက်လုံးရှိနေစေမှာ "

ဆန်းဆန်းကြီး systemWhere stories live. Discover now