Arc 2.3

14.1K 1.6K 110
                                    


ချင်းဖန် ​ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ ကောင်လေးရဲ့ သွေးထွက်လွန်နေတဲ့ လက်ကို ဂွမ်းစ လေးနဲ့ သုတ်ပေ​းနေရင်း
သေချာကြည့်လိုက်တော့ ပြတ်ရှရာက အကြော​ပေါ်မှာမရှိ
တကယ်သတ်သေလိုစိတ်တော့မဟုတ်တာ ရိပ်မိလိုက်ပြီ သွေးထွက်ယုံသာ အပေါ်ယံ လှီးဖြတ်ထားပုံက ကျွမ်းကျင်သူ တစ်ယောက်လို
ဘာလဲ ကလေးက ​ဟွေ့လန်ရဲ့ စိတ်ကို ဆွချင်လို့ ဒီလိုလုပ်တာလား
ဒါနဲ့ တကယ် သတိမေ့နေ​တာရော ဟုတ်ရဲ့လား ​​ချင်းဖန်လည်း အကင်းပါးသူ ပီပီ ဖေးလျန်ရဲ့ အကြံကို အနည်းငယ် ရိပ်စားမိလာတာမို့

"သိပ်မစိုးရိမ်ပါနဲ့ ​သူငယ်ချင်းရာ
အလုပ်တွေ တပုံတပင်ကြီးကိုသာ သွားလုပ်စမ်းပါ သူ့အသက်မသေစေရဘူး "

ချင်းဖန်လည်း ဖေးလျန်နဲ့ စကားပြောချင်တာမို့ ဟွေ့လန်ကို ပထုတ်နေပေမယ့် ရုပ်တည်ကြီးနဲ့ မကြားချင်ယောင်ဆောင်နေသော
ဟွေ့လန်

"စိတ်ပူတာ မဟုတ်ဘူး ချင်းဖန်
သူသေလို့ မဖြစ်ဘူး ငါ့နိုင်ကွက်တွေအတွက်သူရှိမှ ဖြစ်မှာ "

လူယုတ်မာ လို့ကို မပြောရဘူး သူ့အတွက်သူပဲ တွေးနေတာ
ဒီလူကြီးက အရမ်းတဖက်သတ်ဆန်တာပဲ
အမှန်ဆို ဖေးအိမ်တော်နဲ့ သူက ရန်ငြိုးရှိစရာကို အကြောင်းမရှိတာ
ဖေးသခင်မကြီးက သူ့ဘာသာ ယူချင်တဲ့ လူယူမှာပေါ့ သူနဲ့ ဘာဆိုင်တာ မှတ်လို့
မဟုတ်မှလွဲရော ချစ်သူတွေ ဖြစ်ခဲ့တာများ လား

*အဲ့လို မဟုတ်ပါဘူး host
ဖေးသခင်​မကြီးက ဟွေ့လူကြီးမင်းအပေါ် အမတစ်ယောက်လို ဂရုစိုက်ပေးခဲ့ရုံပါ *

*ဒါဆို သူက တဖက်သတ်ကြီးပေါ့ *

*အဲ့လိုလည်း မဟုတ်ပါဘူး host သိလာမှာ
အခုတော့ host အစီစဥ် တွေ အရင် အကောင်အထည်ဖော်အုံး ဟွေ့လူကြီးမင်း
သွားပြီ *

ရှောင်းကျန့်လည်း ဟိုလူ ထွက်သွားပြီ ဆိုမှ မျက်လုံး ဖွင့်ကြည့်လိုက်တော့
သူ့ကို ပြုံးပြုံးကြီး ကြည့်နေတဲ့ Dr

"ပြော​ပါဦး ညီ သတ်သေချင်ဟန်ဆောင်ရတဲ့ အကြောင်းလေး "

Dr လို့ကို မပြောရဘူး ချက်ချင်းသိသွားတာပဲ

ဆန်းဆန်းကြီး systemWhere stories live. Discover now