Arc 4.1

14.4K 1.4K 99
                                    

ရှောင်းကျန့် နှစ်ယောက်နဲ့ ငါးယောက်
ဘက်မမျှဘဲ နှစ်ယောက်တည်းဘက်က အလေးသာနေတဲ့ ချိန်းပွဲကိုကြည့်ပြီး
ကောင်းလေးတွေကို ချီးကျူးမိတယ်
မဆိုးဘူးပဲ ရန်ကောင်းကောင်းဖြစ်တတ်တယ်
ဟို ငါးယောက်ကို ကောင်းကောင်း အထိနာအောင် လုပ်နိုင်တယ်
ရှောင်းကျန့်ကတော့ နီးရာခုံတန်းလေးထိုင်ပြီး ပွဲကြည့်နေရုံသာ
အချိန်အတော်ကြာတဲ့ထိ မပြီးတဲ့ပွဲကို ဆက်မကြည့်ပဲ ​ထပြန်မယ် အလုပ်
မျက်စိရှေ့ ရောက်လာတဲ့ အသက်လေးဆယ်ကျော်အရွယ်လူကြီးတစ်ယောက်

"သခင်လေး အိမ်ပြန်ချိန် ရောက်နေပါပီ "

အတော်ပဲ ဘယ်ပြန်ရမှန်းမသိတာနဲ့
ဦးလေးကြီး ခေါ်ရာနောက်လိုက်သွားလိုက်တယ် ကျောင်းရှေ့မှာရပ်ထားတဲ့ အနက်ရောင်ကားတစ်စီးနားရောက်တော့
ကားတံခါးဖွင့်ပေးသူ​ဦးလေးကြီးကြောင့် driverဆိုတာရိပ်မိလိုက်တယ်

ဦးလေးကြီးက စကားတစ်လုံးမှ ထပ်မပြော ကားကိုသာ အာရုံစိုက်မောင်းနေတာမို့
ရှောင်းကျန့်လည်း systemနဲ့ပဲ ဆက်သွယ်လိုက်တော့တယ်
အိမ်ပြန်မရောက်ခင် ဒီကမ္ဘာအကြောင်းသိထားမှဖြစ်မယ်လေ

*Xiao Paing *

*အချက်အလက်တွေ နားထောင်တော့မလား host *

*အင်း*

*host ရောက်ရှိတဲ့ ခန္ဓာကိုယ်ပိုင်ရှင်က ချွဲယွန်းဆန်းပါ host ထင်နေသလို လူဆိုးကောင်လေးတစ်ယောက်ပါ
အဒေါ်ဖြစ်သူ ချွဲယွန်းအင်ရဲ့ အလိုလိုက်ထားမှုတွေကြောင့် ဆိုးချင်တိုင်းဆိုးနေတာဆိုရင်လည်းမှန်ပါတယ်
ချွဲယွန်းဆန်းက ငါးနှစ်သားအရွယ်ကတည်းက မိဘတွေမရှိတော့ပါဘူး
ဒါကလည်း ဆိုးသွမ်းနေရတဲ့ အကြောင်းရင်းတွေထဲက တစ်ခု *

*ဇာတ်ကြောင်း​အတိုင်းဆိုရင်တော့
ဒီကမ္ဘာက ဇာတ်လိုက်နဲ့ ဇာတ်လိုက်မိန်းမလေးတို့အတွက် ချွဲယွန်းဆန်းက
အကြီးမားဆုံး အနှောက်အယှက်တစ်ခုပေါ့*

*ဘယ်လိုမျိုးလဲ *

*ဇာတ်လိုက်မိန်းကလေးက
အဒေါ်​ဖြစ်သူက ချွဲယွန်းဆန်းအတွက် ငှားထားပေးတယ့် guideပါ
သူမက တက္ကသိုလ်ကြောင်းသူပဲရှိသေးတယ်ဆိုပေမယ့် ချွဲယွန်းအင်ကို မထင်မှတ်ပဲ အကူညီသေးသေးတစ်ခုပေးခဲ့ဖူးတာမို့
ကျေးဇူးဆပ်တဲ့ အနေနဲ့ တူတော်မောင်အတွက် guideပြန်ခေါ်ပေးထားခဲ့တာ
ချွဲယွန်းဆန်းက လူဆိုးလေးဆိုပေမယ့် စိတ်ကစားတတ်တဲ့ အရွယ်မို့
အစစအရာရာ ဂရုစိုက်ပေးတတ်တဲ့ ဇာတ်လိုက်မ ချောချောကို သဘောကျခဲ့တယ်
သူ့ကျောင်းသူ မတက်ပဲ ဇာတ်လိုက်မလေးကိုပဲ လိုက်လိုက်ချောင်းနေတော့
သူမမှာ ချစ်သူရှိမှန်းသိသွားတဲ့ ​ေန့က စပြီး
သူတို့နှစ်ယောက်ကို နည်းလမ်းပေါင်းစုံနဲ့ ပြသနာတက်အောင်လုပ်ခဲ့တယ်
ဒါပေမယ့် သူမတို့ အတွဲက မပြတ်တဲ့ အပြင်
အ​ကြောင်းစုံကို ရိပ်မိလာတဲ့ သူမကလည်း
ချွဲယွန်းဆန်းကို ရှောင်ဖယ်လာတယ်
သူမက ပိုပြီးရှောင်ဖယ်လေ ချွဲယွန်းဆန်းပိုပြီးရှေ့ဆက်တိုးချင်လေပဲ နောက်ဆုံး
သူမရဲ့ ချစ်သူ ဇာတ်လိုက်ကို ဒုက္ခအမျိုးမျိုးပေးခဲ့တော့ ကိုယ့်သေတွင်း ကိုယ်တူးသလိုဖြစ်ခဲ့တယ်
ဇာတ်လိုက်က ချွဲယွန်းဆန်းကို တဖက်လှည့်ပြန်ပြီးဖျက်စီးခဲ့တော့ နဂို လူဆိုးလေးကနေ
ကိုယ့် အဒေါ်ကို ပြန်သတ်တဲ့ လူသတ်သမား
​ဖြစ်တဲ့ အထိ ဆိုးသွမ်းခဲ့တယ်
ဒါပေမယ့် ဆိုးသွမ်းလူငယ်လေးကိုလည်း
မကျေနပ်တဲ့သူက ပြန်ပြီး အဆုံးသတ်ပေးခဲ့တယ် *

ဆန်းဆန်းကြီး systemWhere stories live. Discover now