Arc 4.13

8.7K 1.1K 105
                                    

အမြတ်နိုးဆုံးသော အရာလေးက ကွန်ဒိုမှာ
ရှိနေတာမို့ ယူဂျယ်အင် ကွန်ဒိုကနေတဖဝါးမှ မခွာချင်
ဒီအခြေအနေလေးရဖို့ သူကြိုးစားခဲ့သမျှ
အရာထင်လာခဲ့လေပြီ
အသက်ပြည့်တာနဲ့ အနားမှာ ဖမ်းခေါ်ထားချင်ခဲ့တာ အတွေးသက်သက်မဟုတ်
အဖြစ်ချင်ခဲ့ဆုံးသောဆန္ဒ
ချစ်ရတဲ့ ကလေးလေးကို အနားမှာ ခေါ်ထားချိန် ချာဆူမင်လာမရှုပ်စေဖို့
ဒီအတောအတွင်း သူခံစားခဲ့ရသမျှဝန်တိုမှုတွေကို ပြန်ခံစားစေနိုင်ဖို့ planကောင်းကောင်း​လည်း ရေးဆွဲခဲ့ရသေးသည်

ဂျယ်အင် ကုတင်ပေါ်မှာ လဲလျောင်းနေသော ကလေးလေး အနားသွားကာ
နဖူးပေါ်က ဆံပင်လေးတွေကို သပ်တင်ပေးကာ အမြတ်တနိုးနမ်းရှိုက်လိုက်သည်
ကြည်နူးမှုက ဘာနဲ့မှလဲမရ

ကလေးလေးနိုးလာရင်တော့
သေချာပေါက် ကိုယ်မကြားချင်တဲ့ စကားတွေနဲ့ထိုးနှက်နေအုံးမှာ
ခုလို လေးငြိမ်သက်နေတာက အကောင်းဆုံး

အဲ့လိုဆိုတိုင်းလည်း ကလေးလေးရဲ့ မျက်ဝန်းကြည်ကြည်လေးတွေကို အရမ်း​သဘောကျသေးတာမို့
အိပ်မနေစေချင်ပြန်ဘူး
သူဖန်တီးထားတဲ့ ယွန်း​ဆန်းကတောင်
ကလေးလေးလောက် မျက်ဝန်းလေးတွေကြည်မနေဘူး
ဘယ်လိုပဲ ရုပ်တူ အောင် လုပ်နိုင်ခဲ့ပါစေ
ခံစားချက်ကတော့ ကွဲပြားနေဆဲ
ကလေးလေးနဲ့ ချာဆူမင်ကြောင့်
ဂျယ်အင်ရဲ့ နှလုံးသားလေး နာကျင်တိုင်း
ယွန်းဆန်းကို အစားထိုး နမ်းရှိုက်​ခဲ့ပေမယ့် မြတ်နိုးရတဲ့ မျက်နာလေးက လွဲလို့
ကျန်တဲ့ နေရာတွေ မထိချင်ပြန်

ဂျယ်အင် အတွေးလွန်နေချိန် မျက်လုံးလေး
ပွင့်လာသော သူ့ကလေးလေး ယွန်းဆန်းးး

"အရမ်းလန့်သွားခဲ့ရင် sorry နော် ကလေးလေး ကိုယ်တကယ်မရည်ရွယ်ခဲ့ပါဘူး "

Whatttttttt ကလေးလေးး ဟုတ်လား
ချီး ကို ကလေးလေး
လူယုတ်မာ မကောင်း​ကြံနေတာတောင် အခေါ်အ​​ေဝါ်တွေ ချိုသာနေလိုက်
ရှောင်းကျန့် ဖြစ်​ပျက်သမျှ ပြန်စဥ်းစားကြည့်တော့
coma ဝင်နေတဲ့ ဇာတ်လိုက်ကြီးအခြေအနေကို ဆရာဝန်ကြီးအား မေးနေစဥ်
ဝင်လာတဲ့ ကောင်လေးတစ်ယောက် သူနဲ့ အရပ်အမောင်း အရွယ်အစားကအစ
မျက်နှာအထိပါတူနေတဲ့ကောင်လေး
ကိုယ်မျက်နှာကိုယ် မှန်​ထဲမှာ ပြန်မြင်နေရတယ်လို့ ထင်ရတဲ့ အထိ တူလွန်းတောင်မို့
ကြောင်အနေချိန်
ဆစ်ကနဲ့ နာကျင်သွားတာကြောင့် ဘေးကိုကြည့်လိုက်တော့ ဆေးထိုးအပ်တစ်ခုနဲ့ ဆရာဝန်
နောက်ဆုံးသေချာသိလိုက်တာက
ပေါင်းကြံကြတယ် ဆို​တာပဲ

ဆန်းဆန်းကြီး systemWhere stories live. Discover now