Arc 6.6

5.9K 829 27
                                    

"လူသား ဘာလို့ တံခါးနားတင်ရပ်နေတာလဲ
ဝင်လာလေ "

ကိုယ့်အခန်းကိုယ် မဝင်လာဘဲ တံခါးနားတင် ပါးစပ်​လေးဟပြီး ရပ်နေသော Tonဆိုတဲ့ လူသားအား
ရှောင်းကျန့် စိတ်မရှည်စွာလှမ်းအော်လိုက်သည်
ကိုယ်တိုင်က လှုပ်လှုပ်ရှားရှားလုပ်လို့မရ၍လားမသိ ကိုယ့်ရှေ့မှာ တုန့်ဆိုင်းတုန့်ဆိုင်လုပ်နေရင် အရမ်းကို အသည်းပေါက်တာ

အသွင်ပေါ်ပြီး ဖြစ်တဲ့ နီရဲရဲ နှုတ်ခမ်းပါးပါးနဲ့ နဂို ခပ်စွာစွာ အသံလေးပေါင်းစပ်လိုက်တဲ့ အခါ ဒီလောက်ချစ်ဖို့ကောင်းမှန်း Ton တစ်ခါမှ မတွေးမိခဲ့ဘူး
သူ့ရဲ့အပင်လူသားလေးက ပြည့်စုံလွန်းတယ်
မျက်ဝန်းကြည်ကြည်လေးတွေ
နှာတံဆင်းဆင်းလေးနဲ့ ပိရိသေသပ်လွန်းတဲ့ နှုတ်ခပ်ပါးပါးလေး​
ထူထဲထဲ မျက်ခုံးက အစ အသားအရည်ထိ အဆုံး အပြစ်ပြောစရာ နေရာပင်မရှိ
သာမာန်​လူသားတွေထပ် အစပေါင်းများစွာ သာလွန် လှပသည်
နှမျောစရာ ကောင်းတာက အပင်လူသားလေးရဲ့ တစ်ဆင့်ချင်း ပြောင်းလဲပုံစံပေါ်လာသည်ကို vedioမှတ်တမ်းဖြင့် နေ့စဥ် မှတ်တမ်းတင်ထားမည်ဟု စိတ်ကူးထားသမျှဟာ မြန်ဆန်လွန်းသော ပိစိရဲ့ တိုးတက်မှုတွေ ကြောင့် အကောင်အထည်မဖော်နိုင်ခဲ့
ထားပါလေ ဒါတွေက အရေးမကြီးပါဘူး
ပိစိလေးကောင်းကောင်း ကြီးထွားပြောင်းလဲပေးနေတာကိုပဲ ကျေးဇူးတင်ရမှာပေါ့
Ton သူ့ရဲ့ အပင်​လူသားလေးအနား အမြန်ဆုံးသွားပြီး မျက်နှာ လှလှလေးအား ထိတွေ့ ကြည့်တော့ ခပ်မာမာ မျက်နှာလေးက ပြောင်းလဲခြင်း မပြီးမြောက်သေးကြောင်းဖော်ပြသည်
ဟုတ်သားပဲမျက်နှာလေးပေါ်မှာပဲ အကြည့်ရောက်နေခဲ့လို့ အခြားအရာတွေကို လျစ်လျူလိုက်မိတယ်  ခေါင်းပေါ်မှ မတိုမရှည် အစိမ်းရောင်ရိုးတံမျှင်မျှင်လေးများက ဆံပင်ကဲ့သို့ အပြည့် အဝမပြောင်းလဲသေးသည့်အပြင်
အခြားတစ်နေရာမှာလဲ ထိုကဲ့သို့ပင်
Ton ထပ်မံပြီး ဟသွားမိတဲ့ ပါးစပ်ကို လက်နဲ့ အုပ်ကာ အလန့်တကြားရေရွတ်မိသည်က
"ပိစိ မင်းတော့လူဖြစ်ရှုံးပြီ "ဟူ၍ပင်

"လူသား ဘာကို​ပြောချင်တာလဲ
ကျွန်တော် နားမလည်ဘူး "

အခန်းထဲရောက်သည်နဲ့ ခနခန အံသြ​ပြနေတဲ့
Tonဆိုတဲ့ လူသားအားအနည်းငယ် အမြင်စောင်းမိသည်
အပင်ပုံစံမှ လူသားအသွင်သို့ တစ်ဆင့်ခြင်းပြောင်းလဲနေသည်ကို xiao paing မှတစ်ဆင့် ဆက်သွယ်သိရှိထားသော်လည်း
Tonရဲ့ မင်းတော့ လူဖြစ်ရှုံးပြီဆိုတဲ့ စကားကိုတော့ နားမလည်နိုင်ဘူး ဘာကိုဆိုလိုချင်တာလဲ

ဆန်းဆန်းကြီး systemWhere stories live. Discover now