Arc 1.13

17.1K 1.7K 78
                                    

ညအမှောင်ရိပ် သန်းလာတာနဲ့ အမျှ
အနက်ရောင်ဝတ်စုံနဲ့ လူတစ်ချို့ဟာ
စေခိုင်းချက်အရ နန်းတော်ရဲ့ အသေးဆုံးအဆောင်တစ်ခုအနားကို ဖြည်းဖြည်းချင်းချဥ်းကပ်လာကြသည်
ဒီအဆောင်ဟာ အရှင့်ရဲ့ အပစ်ပယ်ခံ ကြင်ယာတော်ရှောင်း ဆိုသူရဲ့ အဆောင်ဖြစ်သလို
ကြင်ယာတော်ရှောင်းဟာလည်း ညဘက်တွင်သာ ဒီအဆောင်တွေ့နိုင်သည်ဟူသော အချက်တွေက လွဲလို့ ဘာမှ မသိရခဲ့
သိစရာလဲမလို သူတို့၏အလုပ်မှာ
ကြင်ယာတော် ရှောင်းကို လုပ်ကြံရန်သာ
အရှင့်ရဲ့ အပစ်ပယ်ခံဖြစ်တာနဲ့ အညီ
အဆောင်ကလည်း နန်းတွင်းရဲ့ အတိတ်ဆိတ်ဆုံးနဲ့ လူအပြတ်ဆုံးနေရာမှာ ရှိတာမို့
လုပ်ကြံရမည်မှာ ခက်ခဲသော အလုပ်မဟုတ်
တိတ်တိတ်ဆိတ်ဆိတ်နဲ့ ပြီးဆုံးသွားမည်သာ

အနီးနားသို့ ပိုရောက်လေ အဆောင်တစ်ခုလုံးရဲ့ တိတ်ဆိတ်ခြောက်ကပ်မှုက ပိုပြီးသိသာလေ တစ်ဆောင်လုံးအမှောင်ချထားတဲ့ အတိုင်းသာဆို ကြင်ယာတော်လေး အိပ်စက်အနားယူနေပြီမှာ အသေအချာ
အဆောင်ရဲ့ ပင်မတံခါးက မဟုတ်ဘဲ အနောက်​ဘက်မှ ကျူးကျော် ဝင်ရောက်ရသည်မှာ လွယ်ကူလွန်းနေပြန်သည်
အဆောင်အိပ်ခန်းတွင် အိပ်စက်အနားယူနေသော ကြင့ယာတော်လေးမှ လွဲ၍
တခြားလူနဲ့ တူသူ တစ်ဦးတစ်ယောက်မှမရှိ
နန်းတွင်း အပျိုတော်တောင် ထားပေးခြင်းမရှိတဲ့ အရှင်က ကြင်ယာတော်လေးအပေါ် ရက်စက်လွန်းလှသည်
အိ​ပ်ဆောင်ကုတင်ပေါ် အိပ်စက်အနားယူနေသော ကြင်ယာတော်လေးမှာ
အမှောင်ရိပ်ထဲမှာပင် အတော်ကြည့်ကောင်းသည့်အနေအထား
ကြင်ယာတော်လေးရဲ့ ဆိုးရွားတဲ့ ဘဝကို
အိပ်စက်နေရင်း အဆုံးသတ်ပေးဖို့ ဓားကို ဆွဲထုတ်ပြီး ထိုးစိုက် တော့မယ့် အချိန်မှာပဲ လည်ပင်းပေါ်ရောက်လာတဲ့ ဓားတစ်ချောင်းတစ်ဆောင်လုံး အလင်းရောင်တွေ လွှမ်းလာတာနဲ့အမျှ​ မြင်လိုက်ရတဲ့ လူတစ်စုကြောင့်
အ​နက်ရောင်ဝတ်စုံနဲ့ လူတစ်ချို့မှာ တံတွေးပင်မျိုမချရဲ သူတို့ရှေ့က ဤလူသားမှာ တိုင်းပြည်ရဲ့ ပြည့်ရှင် အရှင်မင်းကြီး ဝမ်ရိပေါ်သာ
ဘယ်လိုလုပ်ပြီး အရှင်က အပယ်ခံနန်းဆောင် ကြင်ယာတော်လေးဆီ ရောက်လာရတာလဲ

ရိပေါ် အနက်ရောင်ဝတ်စုံနဲ့ လူတွေကို ဖမ်းချုပ်ပြီးစစ်ဆေးတော့
ဒီလူတွေဟာ ကြင်ယာတော်ယွဲ့နဲ့ ကြင်ယာတော်ဟွားအတွက် သူကိုယ်တိုင်ပေးထားခဲ့သည့် ကိုယ်ရံတော်များပင်
တယ်လည်း သတ္တိရှိကြတဲ့ ကြင်ယာတော်များ မထိဖို့ အတန်တန်မှာထားတဲ့ကြားက
သူ့ကြင်ယာတော်လေးကို လုပ်ကြံရဲကြတာ
ခွင့်မလွှတ်နိုင်တဲ့အမှားမျိုး
အကယ်၍ သူသာကြိုမသိခဲ့ဘူးဆိုရင်
ကြင်ယာတော်လေးပြောတာသာ မယုံခဲ့ဘူးဆို မတွေးရဲ စရာ
ဆုံးရှုံးသွားခဲ့ရင်ဆိုတဲ့ အတွေးတွေက လူကိုခြောက်လှန့်နေပြန်သည်
ဒါကြောင့် အယုံကြည်ရဆုံး ကိုယ်ရံတော်တွေ
ကိုလွှတ်ပြီး ကြင်ယာတော်​နှစ်ယောက်ကို ညတွင်းချင်း ဖမ်း​ဆီးစစ်ဆေးဖို့ မိန့်ခဲ့တာ
သူကိုယ်တိုင်စစ်ဆေးချင်ပေမယ့် အခုချိန်မှာ ကြင်ယာတော်လေးနားက တဖဝါးမှမခွာချင်
သူအနားမရှိချိန် ကြင်ယာတော်လေးပျောက်ကွယ်သွားမှာ သေမလောက်ကြောက်ပါသည်

ဆန်းဆန်းကြီး systemWhere stories live. Discover now