Gum အလုပ်က ပြန်ရောက်ကတည်းက
ရေးချိုးသန့်စင်ပြီး အဝတ်စားရွေးနေတာ တစ်နာရီလောက်ရှိနေပြီ စိတ်တိုင်းကျတာ တစ်ထည်မှ မတွေ့သေး
Hoodie အပြာလေးနဲ့ ဘောင်းဘီရှည်အမဲလေး ဝတ်ပြန်တော့လည်း ရိုးလွန်းပြီး ဆွဲဆောင်မှု မရှိဘူးလို့ ခံစားရတယ်
နက်ပြာရောင် suit လေး ဝတ်မိပြန်တော့လည်း ဘေးအိမ်သွားရမယ့် အရေးအတွက် overဖြစ်လွန်းတယ်လို့ ခံစားရပြန်တယ်
အလုပ်သွားတာတောင် အဝတ်မရွေးခဲ့တဲ့ Gum က ရှန့်အိမ်သွားဖို့ကို အရမ်းကြည့်ကောင်းနေချင်တာကြောင့်
အခုလို အဝတ်အစားအသည်းအသန်ရွေးနေရခြင်း
ဆယ်မျိုးလောက်ပြောင်းဝတ်ကြည့်ပြီးနောက်တော့ Gumရဲ့ ကုတင်ပေါ်မှာရော ကုတင်အောက်မှာပါ တော်တော်ပွနေပြီ
နောက်ဆုံးတော့လည်း အဖြူအနက်ကွက် ရှပ်လက်ရှည်
အနက်ရောင် ဘောင်းဘီရှည်လေးနဲ့ပဲ ကျေနပ်လိုက်ရတာပါပဲ
အဝတ်အစားလဲရတာ Gumလည်းအတော်မောနေပြီ
ဆက်လဲနေမယ်ဆိုရင် ရှန့်အိမ်လည်း ရောက်တော့မှာ မဟုတ်ဘူးညနေကျရင် လာခဲ့မယ်ဆိုပြီး မက်လုံးပေးသွားတဲ့မိတ်ဆွေကြီးက
ည8နာရီရှိနေပြီ ခုထိရောက်မလာသေးဘူး
အလုပ်က ပြန်မရောက်သေးဘူးလို့ ဖြည့်တွေးရအောင်လည်း
မိတ်ဆွေကြီးကားကို ခြံထဲမှာ ညနေ6နာရီလောက်ကတည်းက တွေ့နေတာ
မိတ်ဆွေကြီးက အလုပ်မပေးချင်လို့ မေ့ချင်ယောင်ဆောင်နေတာများလား
ရုပ်လေးက သဘောကောင်းမလိုနဲ့ စိတ်ပုတ်လိုက်တာ"မင်းသားလေး တယ်တယ် ခေါင်းမူးနေပြီ
တယ်တယ့်ကို အောက်ချပေးပါတော့ "မင်းသားလေးကိုငြိုငြင်တာမဟုတ်ပေမယ့်
သူလည်းဆက်သည်းမခံနိုင်တော့ဘူး
သူ့ကိုမပြီး အိမ်ပေါက်ဝလျှောက်သွားလိုက် အိမ်ထဲ ပြန်ဝင်လာလိုက်လုပ်နေတာ တော်တော်ကြာပြီး
မင်းသားလေးတစ်ယောက်ယောက်ကို မျှော်နေတာသိပေမယ့်
တယ်တယ့်ကိုတော့ အောက်ချပေးထားသင့်တယ်မလား
တယ်တယ့်မှ အဲ့လူကိုမမျှော်တာ"မင်းကလည်း တမျိုးကွာ
ဟိုလူက မလာသေးလို့ စိတ်ညစ်နေရတဲ့ကြားထဲ ငါချီထားရင်ငြိမ်နေလိုက် ""မင်းသားလေးး....."
ငိုသံကြီးနဲ့ တယ်တယ်က တကယ်စိတ်ရှုပ်နေပုံပေါ်တဲ့ မင်းသားလေးကိုလည်း ဆက်မပြောရဲ
YOU ARE READING
ဆန်းဆန်းကြီး system
Fanfictionကိုယ့်ဘာသာ အေးဆေးသေပါရစေ ဂယ်ပဲ system က ဆိုပြီး ယောက်ျားပေးစားကြအုံးမယ် မသိတာခက်လို့