Arc 5.19

6.2K 784 13
                                    

အလုပ်လုပ်နေရင်း နားထဲမှာ "ဘုတ်"ဆိုပြီး
အသံတစ်ခုကြားလိုက်တာကြောင့် လှည့်ကြည့်လိုက်တော့
Gumရဲ့ စိုးရိမ်စိတ်တွေ ဆောင့်တက်ရသည်
အကြောင်းမှာ ကြမ်းပြင်ပေါ်မှာ အပုံလိုက်ကလေးလဲနေတဲ့ သူ့အသည်းနှလုံးလေး
ရှန့်ကြောင့်ပင်

Gum အစိုးရိမ်လွန်စွာ ဆရာဝန်အား ပင့်ဖိတ်ထားပြီး
သူကိုယ်တိုင်လည်း သတိမဝင်သေးသော ရှန့်ရဲ့အနားက တစ်လှမ်းမှမရွေ့
သူမသိလိုက်ခင် ရှန့် တစ်ခုခုထပ်ဖြစ်သွားမှာ
ကြောက်ရွံ့နေမိသည်လေ

......

မိနစ်20လောက်ကြာမှ ရောက်လာတဲ့ ဆရာဝန်ကြီးက
ဖုန်းဆက်ပြီး ခြံတံခါးလေးတော့ လာဖွင့်ပေးပါအုံး ငါ့တူရယ်
ဆိုမှ Gum ရှန့်ရဲ့ ဘေးကခွာသည်
တော်သေးတာက ဆရာဝန်ကြီးမှာ ပါးပါးရဲ့ သူငယ်ချင်းဖြစ်သလို မိသားစုဆရာဝန်လည်း ဖြစ်သည်
လူရင်းတွေ ဖြစ်ပေလို့သာ တော်ရော့မည်
မဟုတ်လျှင် Gumလိုပင့်ဖိတ်ပုံမျိုးနဲ့ ဘယ်သူမှ ဆေးလာကုပေးမည် မဟုတ်

"ဘာဖြစ်တာလဲ Dr ဘယ်နေရာကနေမကောင်းတာလဲ
အရမ်းစိုးရိမ်ရလား Dr"

ခုမှ​မူးမေ့နေတဲ့ ကောင်လေးကို စမ်းသပ်မလို့ ထိုင်ရုံရှိသေး တရစပ်မေးနေတဲ့ တူတော်မောင်က အရင်သိခဲ့တဲ့မှတ်ဉာဏ်တွေ အရဆို တည်ငြိမ်တဲ့ လူငယ်လေးတစ်ယောက်ပါ
အခုလို ပြာယာခတ်နေတာမျိုး မဟုတ်ပါဘူး
ထားပါလေ မျက်စိနောက်သက်သာအောင် လူနာ​ကို အမြန်ဆုံး စစ်ဆေးပြီး အခြေအနေ ရှင်းပြ မှ ဖြစ်မည်

"Dr ရှန့်ရဲ့ အခြေအနေလေး အမြန်ပြောပြပါ
ကျနော် ရင်တွေပူနေပြီ "

ရှန့်ကို စမ်းသပ်ပေးနေရင်း မျက်နှာပေါ် အလိုမကျတဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားတဲ့
Drကြောင့် Gum ခမျာ စိုးရိမ်ရေမှတ် ကျော်လွန်နေပြီ ဖြစ်သည်

"သား Gum စိတ်အေးအေးထားနော် "

ဒီလိုပြောမှ ပိုပြီး စိတ်မအေးနိုင်တာ Drရဲ့

"မြန်မြန်ပြောပါ Dr "

"လူနာက သားGum အမျိုးသားမလား "

သိလိုစိတ်ပြင်းပြ​နေပါပြီဆို လိုရာမရောက်နိုင်တဲ့ Drကို Gumစိတ်မရှည်တော့

ဆန်းဆန်းကြီး systemWhere stories live. Discover now