Arc 3.5

11.3K 1.4K 70
                                    

ဝမ်းနည်းနည်းနဲ့ ပြန်လာတဲ့ ရှောင်းကျန့်လေး အဆောင်ရှေ့က မက်မွန်ပင်ကြီး တွေ​့မှပိုပြီး ဝမ်းနည်လာသလို

*Xiao Paing လေးရေ ဒီအပင်အောက်လေးမှာ ခုံတန်းလေးလုပ်ပေးပါအုံး *

*host အခု host က အချစ်နတ်ဘုရားနော် *

*သိတယ်လေ Xiao Paing လေးရဲ့
ဘာဖြစ်လို့လဲ*

*အချစ်နတ်ဘုရားဆို စွမ်းအားရှိတဲ့သူလေ
ခုံတန်း လောက်တော့ ကိုယ့်ဘာသာ ဖန်ဆင်းလိုက်ပေါ့
hostကလေ system ဆို ခိုင်းဖို့ပဲတွေးနေတာ *

ခုတော့ systemကပါ ငြိုငြင်ပြီပေါ့လေ
ရှောင်းကျန်​့လေးဝမ်းနည်းနေပါတယ်ဆို
ငိုချင်ရက် လက်တို့ဆိုတာမျိုး

*ငါမှ မလုပ်တတ်တာ *

ငိုသံပါလေးနဲ့ ပြောနေတဲ့ host ကြောင့် system လည်း မနေနိုင်
host စိတ်ကြိုက် သစ်သားခုံတန်းလေး  ကို မက်မွန်ပင်လေးနဲ့ ကပ်ပြီး ထားပေးလိုက်တယ်

*အစောကတည်းက လုပ်ပေးတာမဟုတ်ဘူး
လူကို ငိုချင်အောင် ပြောသေးတာ *

*မှားပါတယ် hostရယ် systemကမှားတာ
host စိတ်မရွှင်မှန်းသိသိကြီးနဲ့
အရစ်ရှည်မိတဲ့ system ကမှားတာ *

*သိလည်းပြီးတာပဲ *

ရှောင်းကျန့် systemလုပ်ပေးထားတဲ့ ခုံတန်းလေးပေါ်ထိုင်ရင်း အပင်လေးကို မှီကာ
သူ့အပေါ် အပြောင်းအလဲ မြန်နေတဲ့ အရှင်ဆိုတဲ့ လူကြီးအကြောင်း တွေးနေတုန်း
ဘေးနားဝင်ထိုင်လာတဲ့လူ
ပင်စည်ပေါ်မှီထားတဲ့ သူ့ခေါင်းကို ယူပြီး ပုခုံးပေါ်ခေါင်းအုံးစေသူ
အနက်ရောင်ဝတ်စုံလေးနဲ့ အရှင်

"ရင်း စိတ်ညစ်ရပြန်ပြီလား "

"အရှင့်ကြောင့်လေ ကျွန်တော့ကို လေနတ်ဘုရားလက်ထဲ အတင်းထည့်ပေးနေတာကိုးးး "

စိတ်ဆိုးနေတဲ့ ကလေးတစ်ယောက်လို အ​ရှင့်ကို အပြစ်တင်ကာ ဆူပုတ်ပုတ်လေးပြောတော့
အရှင်က အသည်းယားလို့ထင်ပါ့
သူ့နှာခေါင်းကို လက်ညှိုးကွေးလေးနဲ့ထိကာ

"ကိုယ်က အဲ့လို အဖြစ်ခံမယ်ထင်လားရင်း
ရင်းက ကိုယ့်ရဲ့ ကြင်ယာပဲဖြစ်ရမှာ
မှတ်ထားနော်"

ဆန်းဆန်းကြီး systemWhere stories live. Discover now