Arc 2.5

13.7K 1.5K 75
                                    

ရှောင်းကျန့် ဖေးသခင်မကြီးတောင်းတဲ့အကူအညီကို ပေးဖို့ ဆုံးဖြတ်လိုက်ပြီ
အဓိကကတော့ mission ကြောင့်သာ
ရင်းနှီးတဲ့ ဆက်ဆံရေးမရှိတဲ့ ဟွေ့သခင်ကြီးကို ကြင်ဖက်ရှာပေးဖို့ဆို
ဖေးလျန်မားပေးတဲ့ အခွင့်အရေးလေးကို အသုံးချမှ ဖြစ်မှာ
တဖက်မှာလည်း ဟွေ့သခင်ကြီးက အရှင်ဆိုတာ အတည်ပြု​ဖို့ အရမ်းကို စိတ်လောနေခဲ့ပြီ

ဟွေ့သခင်ကြီးကို အရှင်ဖြစ်စေချင်သလို မဖြစ်လည်းမဖြစ်စေချင်ပါ
အရှင့်ကို လွမ်းလို့ အရှင်ဖြစ်စေချင်ပေမယ့်
ဖြစ်ခဲ့ရင်လည်း ကောင်းတဲ့အရာတော့ မဟုတ် အရင်ကမ္ဘာကတောင် အရှင့်ကို ချစ်မိမှာဆိုးလို့ ရှောင်ဖယ်လာခဲ့တာ
ဒီကမ္ဘာမှာပါ အရှင်နဲ့ ထပ်တွေ့ရင်
​ရှောင်းကျန့် ကိုယ့်ကိုယ်​ကိုယ် ထိန်းချုပ်နိုင်ပါ့မလားနော်
ပိုဆိုးတာက missionက ကြင်ဖက်ရှာပေးရမှာ ဟွေ့သခင်ကြီးက အရှင်မဟုတ်ဖို့သာ ဆုတောင်းနေမိသည်

သို့ပေမယ့် လက်တွေ့မှာတော့ ဟွေ​့လုပ်ငန်းစုကို သွားဖို့ ဝတ်စုံတွေ လဲနေမိသည်မှာ အကြိမ်ပေါင်းများစွာ
အလုပ်လုပ်ဖို့ သွားရမှာကို မေ့​ေနသည် အထိပင် နောက်ဆုံးသူအကြိုက်ဆုံး အနက်နဲ့ အနီရောစပ်ထားတဲ့ ဝတ်စုံလေးနဲ့သာ စိတ်ကျေနပ်သွားပုံ
သူ့ကို ဖမ်းချုပ်ထားဖူးတဲ့ ဟွေ့သခင်ကြီးကို
ကြောက်လန့်နေရမယ့်အစား
styleကျဖို့သာ တွေးနေသော ရှောင်းကျန့်လေးပါလေ

ဟွေ့လုပ်ငန်းစုမှာလည်း အစောကြီးရောက်နေတဲ့ သူဌေးကြောင့် ဝန်ထမ်းတွေမှာ သူဌေးရှေ့အလုပ်ကြိုးစားနေဟန်ပြရင်း
သူဌေးကို ခိုးခိုးကြည့်နေကြတယ်
ဒီနေ့ သူတို့ရဲ့ သူဌေးက ထူးထူးခြားခြား ​စိတ်ရွှင်နေပုံ မျက်နှာလေးမှာ ပြုံးယောင်သန်းလို့
နေ့ရက်တိုင်း ဒီလိုလေးသာဆို သူတို့လည်း အလုပ်လုပ်ရတာ စိတ်ချမ်းသာရမှာ အမှန်

ဟွေ့လန်ကလည်း သူဆီက ထွက်ပြေး​ပြီး
သူ့ဆီကိုယ်​တိုင်ပြန်ရောက်လာရမယ့် ကောင်လေးအကြောင်း တွေးမိရင် မပြုံးဘဲ မနေနိုင်
သူလေးကိုယ့်လက်ကလွတ်သွားလို့ စီစဥ်ထားတဲ့ အလုပ်ကိစ္စတွေ အကုန်ရေစုန်မျောပြီလို့ ထင်ခဲ့ပေမယ် အမယွီလန်(ဖေးသခင်မကြီး)က ရောက်လာပြီး
ဒီprojectကို ဆက်ပြီးလုပ်မှာ ဖြစ်တဲ့အကြောင်း ပြောရင်း အရင်က ကိစ္စတွေက မရည်ရွယ်ဘဲ ဖြစ်ပျက်သွားကြောင်းတောင်းပန်လာသည်
ခွင့်မလွှတ်ချင်ပေမယ့် ဒီprojectကို ဖေးလျန်နဲ့ လွှဲထားပေးမယ်ဆိုတဲ့ အချက်ကြောင့် လက်ခံလိုက်တာ
ဒီကောင်လေးက သူ့အတွက် အမြဲ အသုံးဝင် တာ အရင်က အမယွီလန်ကို စိတ်ဒုက္ခပေးဖို့
ခုက သူငယ်ချင်းအချင်းချင်း သစ္စာဖောက်တဲ့ ချင်းဖန်ကို ပညာပေးချင်လို့
ဒီကောင်လေးအပေါ် ချင်းဖန်သိပ်သဘောကျနေမှန်း သူသိတယ်
ခက်တာက ကောင်လေးကို သူ့အပိုင်လို့သတ်မှတ်ပြီးသား
မပိုင်ဆိုင်သင့်တဲ့အရာကို လိုချင်နေတဲ့ ချင်းဖန် အန္တရာယ်တွေကြားက အမှောင်လောကထဲကို အတူတူဝင်ရောက်ပြီး ကြိုးစားခဲ့ကြတဲ့ သူငယ်ချင်းသံယောဇဥ်ကိုတောင် အလေးမထားဘဲ ဒီကောင်လေးအတွက် သူ့ကို သစ္စာဖောက်ခဲ့သူ

ဆန်းဆန်းကြီး systemWhere stories live. Discover now