Arc 4.10

10K 1.2K 51
                                    

မနက်ရောက်တော့ ရှောင်းကျန့်လေးမျှော်နေတဲ့သူက အရင်မရောက်လာဘဲ
စိတ်ရှုပ်စေတဲ့ ယူဂျယ်အင်က အိမ်အထိရောက်ချလာတယ်
အဒေါ်ကတောင် သားရဲ့ အခင်ဆုံးသူငယ်ချင်းလာတယ်လို့
ပြောသွားသေး
တစ်ခုခုတော့ လွဲနေတယ် ယူဂျယ်အင်ဆိုတာ ချွဲယွန်းဆန်းသူငယ်ချင်း ဖြစ်မလာသင့်တဲ့လူ
အိမ်အထိလာရလောက်တဲ့ ဆက်ဆံရေးလည်းမဟုတ်

"ဘယ်လိုသိပြီးရောက်လာတာလဲ "

အခုချိန်မှာ အမေးသင့်ဆုံး​သောမေးခွန်း
မနေ့က မတော်တဆမှုက
အကို ဆူမင်ကို ရည်ရွယ်တာလို့ ထင်ထားခဲ့တာ အခုမသေချာတော့ ယူဂျယ်အင်ရဲ့ လက်ချက်လို့တောင် ထင်ချင်လာပြီ
မဟုတ်ရင် အခုလို သိပြီးရောက်လာစရာ အကြောင်းမှမရှိတာ

"ယွန်းဆန်းနေမကောင်းတဲ့ အကြောင်းကို ပြောတာလား "

"ဟုတ်တယ် "

"ယွန်းဆန်းရဲ့ အဒေါ်ပြောမှ သိတာပါ
ကိုယ်က ဒီတိုင်း ပိတ်ရက်မလို့ အလည်လာတာ "

"ဒီလောက် အစောကြီးလား "

ယွန်းဆန်းမေးလည်းမေးချင်စရာ အခုမှ မနက် 7နာရီပဲ ရှိသေးတာ
အရမ်းစောနေတာသိပေမယ့်
ဒီကလေးလေးထိခိုက်မိထားတဲ့ ကိစ္စကို အရမ်းစိုးရိမ်နေတာ
ကိုယ်တိုင်မမြင်ရသ၍ စိတ်မချနိုင်တာမို့ အခုလို ရောက်လာခြင်း

"နည်းနည်းစောသွားတယ်
ယွန်းဆန်းကို တွေ့ဖို့လောသွားတာကြောင့်ပါ "

ဂျယ်အင်လည်း ဘာဆက်​ဖြေလို့ ဖြေရမှန်းမသိတော့
ယွန်းဆန်းရဲ့ မယုံသက်ာအကြည့်တွေကို
ရဲတင်းတဲ့ အကြည့်နဲ့ ပြန်တုံ့ပြန်လိုက်တော့
နားလည်ရခက်သွားတဲ့ မျက်နှာလေးနဲ့
တကယ်ကလေးလေးပဲရှိပါသေးတယ်

"သားငယ် မျက်နှာသစ်ပြီးပြီလား
​ဒဏ်ရာကိုရော ဆေးထည့်ပြီးပြီလား "

အနည်းငယ် သံသယများနေတဲ့ လေထုကို ဖြိုခွင်းသူက
အခန်းထဲရောက်လာတဲ့ ​အဒေါ်ဖြစ်သူ

"အခုမှနိုးတာ ​ဒေါ်လေး
ဘာမှမလုပ်ရသေးဘူး "

"ကျနော်ကူပေးလိုက်ပါ့မယ် အန်တီ "

ယူဂျယ်အင်က အခွင့်အရေးသေးသေးလေးကို တောင်လက်လွှတ်မခံ ကလေးလေးကို
ဂရုစိုက်ရမယ့် အရေးကို အားတက်ရောပြောတော့ ယွန်းဆန်းရဲ့ အဒေါ်ဖြစ်သူကလည်း
သဘောတကျ လက်ခံပေးတယ်

ဆန်းဆန်းကြီး systemWhere stories live. Discover now