Arc 5.3

9K 1.1K 80
                                    

လူသား​ပုံပြောင်းဖို့ တွေဝေနေတဲ့ မင်းသားလေးကို တယ်တယ် စိတ်မရှည်တော့ဘူး အန္တရာယ်များပါတယ်ဆို
မအောင်မြင်မှာ ကြောက်နေတာများလား

"မင်းသားလေး ​စဥ်းစားမနေနဲ့တော့
ဂါထာရွတ်လိုက်တော့လေ
စွမ်းအားအတွက် စိတ်မပူပါနဲ့
တယ်တယ် ရှိပါတယ် "

ထိုအခါမျက်ဝန်းလေးတွေ လက်လာတဲ့ မင်းသားလေးက တယ်တယ် စကားကြောင့်အားရှိသွားတာနေမှာ
ဒီလိုပဲဖစ်ရမယ် တယ်တယ်က မင်းသားလေးအတွက် အမြဲ အားထားစရာ ဖြစ်နေရမယ်

အမှန်လည်း ရှောင်းကျန့်စဥ်းစားရကြပ်နေချိန် တယ်တယ် စကားကြောင့် အတွေးတစ်ခုပေါ်လာ​ရခြင်း
ရှန့်တုန်းက ကုန်းမြေပေါ်သွားတာ တယ်တယ်ကို ခေါ်မသွားဘူး
ဆိုတော့ ကံကြမ္မာပြောင်းလဲဖို့ တယ်တယ့်ကိုခေါ်ရမယ်
ရှောင်းကျန့်က ကုန်းမြေပေါ်တက်ဖို့ ခြေထောက်လိုပေမယ့် တယ်တယ်ကတော့မလိုဘူးလေ
ဒါကြောင့် စွမ်းအားကလည်း တယ်တယ့်ဆီမှာ နဂိုအတိုင်းရှိနေမှာ

"တယ်တယ် အကာအကွယ်ပစ္စည်းတစ်ခုခု
ဖန်တီးပေးလို့ ရတယ်မလားတယ်တယ် "

"ရ​တာပေါ့ မင်းသားလေး "

"ဒါဆို ငါလည်း ဂါထာရွတ်လိုက်တော့မယ် "

>>>>>>>>>>

တယ်တယ်ကို ယုံကြည်မိတာက မဟာအမှားဆိုတာ ခြေထောက်ရပြီး ကုန်းမြေပေါ်မှာ
လိပ်ခွံလေးတစ်ခုနဲ့ ဖွား​ဖက်တော်ကို
ကာပြီး သွားနေရတဲ့ အချိန်မှာပဲ သိလိုက်ရတယ်

အဲ့​တော့ မက်မွန်သီးကို ငေးလို့ဝတဲ့
​အဲလေ မဟုတ်ပါဘူး အမြင်မတော်တဲ့ Xiao Paing ကပဲ
ဝတ်စုံဖန်တီးပေးလိုက်ရတာပေါ့
အစောတည်းကလုပ်ပေးလို့ရပေမယ့်
အဲ့နှစ်ယောက်ရဲ့ ထက်မြက်မှုကို သိချင်လို့သာ
ခုလို နှာခေါင်းသွေးလျှံချင်လို့ မဟုတ်ဘူးရယ်

"မင်းသားလေးးးကိုယ်ပေါ်ကပ်နေတဲ့ အရာတွေက ဘယ်ကရောက်လာတာလဲ "

ရုတ်တရက်ကြီး ​ကိုယ်ပေါ် ပေါ်လာတဲ့ အဝတ်အစားတွေ အတွက် တယ်တယ်ကတော့ အထူးအဆန်းတွေကို ဖြစ်လို့

​ရှောင်းကျန့် အနေနဲ့ လည်း xiao paingကို စိတ်ဆိုးရခက် ​ကျေးဇူးတင်ရခက်နဲ့
တကယ်လည်း အဝတ်အစားတွေ အတွက် xiao paingကို အကူအညီတောင်းဖို့မေ့နေခဲ့တာ

ဆန်းဆန်းကြီး systemWhere stories live. Discover now