Arc 6.1

10.7K 917 31
                                    

*​Xiao Paing ကမ္ဘာပြောင်းမယ်*

ရုတ်တရက်ကြီးဆိုသလို ထွက်ပေါ်လာတဲ့ hostရဲ့ဆန္ဒကြောင့် xiao paingတော့ အံ့သြနေမှာ အသေအချာပဲ
မတတ်နိုင်ဘူးရယ် တစ်ခုတည်းသောထွက်ပေါက်အဖြစ် စဥ်းစားခဲ့မိတာ ကမ္ဘာပြောင်းဖို့ပဲ
ရင်သွေးနဲ့ Gumကြားရွေးချယ်ခဲ့တဲ့ ရှောင်းကျန့်ရဲ့ နည်းလမ်းဆိုလည်းဟုတ်တယ်
ရင်သွေးကို လျစ်လျူရှုပြီး Gumဆီသွားတာ ထက်စာရင်
နောက်ကမ္ဘာပြောင်းပြီး ရိပေါ်နဲ့တွေ့ဖို့စောင့်တာက ပိုပြီးလိပ်ပြာလုံတယ်
real lifeအတွက် saveဖြစ်မဖြစ်မသိပေမယ့်
ဒီကမ္ဘာက ထွက်သွားဖို့ကိုရွေးချယ်တယ်
​ဒီကမ္ဘာအတွက် ​ရိပေါ်ရဲ့ မလျော့သောဇွဲနဲ့ စောင့်ဆိုင်းပေးနိုင်တဲ့ အချစ်ကို သိခွင့်ရခဲ့တာနဲ့တင်လုံလောက်ပြီ
ရှောင်းကျန့်အပေါ်ထားတဲ့ ဝမ်ရိပေါ်ရဲ့ အချစ်ကစစ်မှန်တယ်
လူချင်းအတူမရှိနိုင်လဲ အချစ်ကတော့ရှင်သန်နေဆဲပဲ နည်းနည်းလေးတောင် မှေးမှိန်မသွားခဲ့ဘူး
ကျေးဇူးပါ ရိပေါ် ....

*real life အတွက်မစိုးရိမ်ပါနဲ့ host
Level 2 မိသားစုဘဝတည်ဆောက်ခြင်းအဆင့် ပထမကမ္ဘာ အောင်မြင်တယ်လို့ သတ်မှတ်ပေးပါတယ်တဲ့
hostနဲ့ hostချစ်သူကြား ရေသူသားပေါက်လေးမွေးထုတ်ပေးနိုင်ခဲ့လို့ပါတဲ့
ပူပန်ခြင်းမရှိ နောက်တစ်ကမ္ဘာကူးနိုင်ပါတယ် host *

*ကောင်းပြီ xiao paing
နောက်ကမ္ဘာအတွက် ငါ့ကို ငဲ့ညှာပါအုံး
ချစ်ရသူတွေနဲ့ တကွဲတပြားနေရတာ အဆင်မပြေဘူး *

Xiao Paing hostလေးဆန္ဒကို သက်ပြင်းဖွဖွ ချရုံသာ တုံ့ပြန်နိုင်တယ်
ကမ္ဘာရွေးပေးတာက xiao paing ရဲ့ လုပ်ပိုင်ခွင့်တွေထဲက မဟုတ် အထက်က စီစဥ်ပေးခြင်းသာ ဖြစ်တယ်
Xiao Paingလေး စိတ်ရှိတိုင်းသာဆို hostလေးခံစားနေရတာကို ထိုင်ကြည့်နေပါ့မလား
အဆင်လေးတွေ ဒုက္ခရောက်ရင်
ဟောဒီက xiao paingကြီးလည်း ထပ်တူ ရင်ကွဲရတယ်ဆိုတာ hostအချောလေး သိမှ သိပါလေစ

*host အဆင်သင့်ဖြစ်ရင် ကမ္ဘာကူးပြောင်းခြင်းစတင်ပါမယ်*

အဆင်သင့်ဖြစ်ပြီ ဒီကမ္ဘာက ထွက်ဖို့ နောက်ဆံတင်းနေမှာ xiao paing စိတ်ပူပေးပုံ ရတယ် ဒီအတွက် ရှောင်းကျန့် ပြင်ဆင်ပေးခဲ့ပြီးပါပြီ ရင်သွေးငယ်လေးကို စောင့်ရှောက်ဖို့ တယ်တယ့်လက်ထဲ ယုံယုံကြည်ကြည် အပ်နှံခဲ့တယ်
တယ်တယ်က ကုန်းမြေမှာ ခပ်ကြောင်​ကြောင်နိုင်ခဲ့သလောက် ရေအောက်ကမ္ဘာမှာ သိပ်အားကိုးရတာ
နောက်ပြီး သားငယ် ရေသူပေါက်စဘေးမှာ ပါးပါးရေသူထီးကြီး အဖြစ် လုံ​လုံလောက်လောက်အဖော်ပြုပေးခဲ့ပြီးပြီ
အရွယ်ရောက်နေပြီ​ဖြစ်တဲ့ သားငယ် ရေသူထီးလေးအတွက် စိတ်ချရပါပြီ

ဆန်းဆန်းကြီး systemWhere stories live. Discover now