Arc 6.3

6.5K 848 18
                                    


*Jolly က အပင်လူသားတွေကို
သူ့အတွက် အသုံးချစရာတစ်ခုလို့မြင်ပြီး
​တန်ဖိုးမထားဘူး
အသုံးလိုတဲ့ သွေးတွေအားလုံးထုတ်ယူပြီးတာနဲ့ အပင်လူသားတွေကို သတ်ပစ်လိုက်တာ
ကံဆိုးချင်တော့ Plantကလည်း
Peterနဲ့ အတူ ကစားကွင်းရောက်နေတုန်း Jolly ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်

Plantရဲ့ ပျောက်ဆုံးမှုကို Tonနဲ့ Peterက စုံစမ်းတဲ့အခါမှာ အပင်လူသားပျောက်ဆုံးမှုများစွာနဲ့ ဖမ်းဆီးထားတဲ့ နေရာကို
ရှာဖွေတွေ့ရှိခဲ့တယ်
သူတို့ရဲ့ အပင်လူသားလေး plantကို ကယ်ထုတ်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့်
Plant ကိုယ်တိုင်က လွတ်မြောက်ဖို့ငြင်းဆန်ခဲ့တယ်
လူသားတွေကို ကယ်တင်ဖို့ သူပါဝင်​ချင်တယ် Jolly ရဲ့ အပြောကောင်းမှုမှာ နစ်မျောနေတဲ့ အပင်လူသားအားလုံးက
ဆေးဝါးဖော်ထုတ်ခြင်း ဖြစ်စဥ်မှာပါဝင်လိုကြတယ်
ရလဒ်အနေနဲ့ သေဆုံးရမယ်ဆိုတာကို မသိခဲ့ကြဘူး
ဒါကြောင့် လာရောက်ကယ်တင်ပေးတဲ့ Tonနဲ့ Peterကို အိမ်ပြန်ဖို့သာဖျောင်းဖျနေချိန်

ခြေတစ်လှမ်း အမြဲသာနေတဲ့ Jolly က
သူ​့ရဲ့ လျှိုဝှက်ချက်တွေ ပေါက်ကြားမှာ ကြောက်တာကြောင့်
Peter နဲ့ Tonကို အဲ့နေရာမှာပဲ အဆုံးသတ်ပေးလိုက်တယ်
မကြာခင်မှာ သူ့အတွက်အသက်ပေးကြတော့မယ့် အပင်လူသားလေးတွေကို Jollyက ဂရုမစိုက်နေဘူး

အမှားကြီးကြီးကျူးလွန်မိတဲ့ Plantအတွက်က နောင်တဆိုတာ အချိန်လွန်သွားခဲ့ပြီ
သူတန်ဖိုးအထားဆုံးလူနှစ်ယောက်ကို
သူကိုယ်တိုင်ပဲ သေစေမယ့်လမ်းကို တွန်းပို့ခဲ့မိတာကြောင့်
သေဆုံးပြီး systemမှာ တောင်းဆိုခဲ့တာက
Tonနဲ့ Peterကို ကာကွယ်ပေးနိုင်ဖို့
နောက်ပြီး J virus​ကြောင့် လူသားတွေ မပျက်စီးစေရေး တစ်ထောင့်တစ်နေရာက ပါဝင်ကူညီပေးနိုင်ဖို့ တောင်းဆိုခဲ့တာပါ *

*နားလည်ပြီ *

*သိချင်တာရှိရင် အချိန်မရွေးနိုင်ပါတယ် host
နောက်ပြီး မူလအပင်လူသားPlantရဲ့ မှတ်ဉာဏ်တွေကို အခုပဲ ကူးပြောင်းပေးလိုက်ပါ့မယ်
အဆင်ပြေပါစေ host *

*ကောင်းပြီ xiao paing*

Xiao Paing ပြောတဲ့အရာတွေကိုပဲ စိတ်ဝင်စားနေခဲ့လို့လားမသိ
လက်ရှိအချိန်ကို ပြန်ပြီး ဂရုပြုမိချိန်မှာတော့
တောစပ်မှာ ရှိတဲ့ တစ်ထပ်အိမ်သေးသေးလေးဆီရောက်ရှိနေခဲ့ပြီ
ဒီတူဝရီးနှစ်ယောက်ရဲ့ အိမ်ဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားတယ်

ဆန်းဆန်းကြီး systemWhere stories live. Discover now