Arc 2.4

13.8K 1.6K 71
                                    

ရှောင်းကျန့် ဖေးလျန်ရဲ့ အခန်းမှာ ရေချိုးသန့်စင်ပြီး ခေတ္တ အနားယူကာ ဖေးလျန်ရဲ့ မားကို စောင့်နေမိသည်
ဘယ်လိုပြသနာက သူတို့အိမ်တော်နှစ်ခုကို ရန်ငြိုးဖြစ်စေခဲ့ရတာလဲ ဒီအကြောင်းကို ရှောင်းကျန့်သိပ်စိတ်ဝင်စားတယ်
သို့ပေမယ့် ဒီကမ္ဘာမှာ​တော့ ဆက်ပြီးမနေလိုတော့ mission မြန်မြန်ပြီးကာ တခြားကမ္ဘာတစ်ခုကို အမြန်ကူးပြောင်းချင်သည်
ဘာလို့ဆို ဒီကမ္ဘာကလူတွေက သိပ်ကိုအတ္တကြီးလွန်းတယ်
အရင်ကမ္ဘာမှာတုန်းကဆို အရှင်က အကျင့်လေးသာ နည်းနည်းမကောင်းပေမယ့်
ရှောင်းကျန့်လေးအပေါ် ချစ်ပေးဂရုစိုက်ပေးသည် ပြောရင်းတောင် အရှင့်ကို လွမ်းလာပြီ အဟင့်

ရှောင်းကျန့် အရှင့်ကို လွမ်းမလို့ အစချီကာ ရှိသေး ဖေးလျန်ရဲ့ မားရောက်လာတာကြောင့်
သူ့အာရုံတွေက ဖေးလျန်ရဲ့မားဆီ
အရှင်နဲ့ ကျွန်တော်က တွေးဖို့တောင် ရေစက် မပါဘူးပဲ

"သား ရေးချိုးပြီးရင် ညစာ အရင်စားမလား "
အပြုံးလေးနဲ့ မေးလာတဲ့ ဖေးသခင်​မကြီးက အေးချမ်းသည် လူကောင်းတစ်​ယောက်ဖြစ်ဖို့များသည် ဒါတောင် ဟိုလူကြီးနဲ့ ဘာကြောင့် ရန်ငြိုးရှိရတာလဲ သိဖို့မစောင့်နိုင်တဲ့ ရှောင်းကျန့်က

"မား မားတို့ အကြောင်းသားကို အရင် ပြောပြပေးနိုင်မလား မဟုတ်ရင် သား စားလို့လည်း ဝင်မှာ မဟုတ်ဘူး "

သနားဖို့ကောင်းတဲ့ သူ့အကြည့်တွေနဲ့ အပြောတွေကြား ဖေးသခင်မကြီးက သက်​ပြင်းလေးချလို့ သူထိုင်နေတဲ့ ကုတင်အစွန်းလေးဘေးမှာ နေရာယူရင်း

"အမှန်တော့ မားရဲ့အမှားတွေပါ အဲ့ကလေးက လူဆိုးလေးဖြစ်သွားရတာ "

ဖေးသခင်မကြီးရဲ့ ပထမဆုံးစကားကို ကြားပြီးနောက် ဟွေ့လူကြီးမင်းအပေါ်ထားတဲ့ သံယောဇဉ် ကို မှန်းဆမိသည်
တကယ်တော့ ရန်ငြိုးက ဟွေ့လူကြီးမင်းရဲ့ တဖတ်သတ်ကြီးပဲ

"မားနဲ့ ဟွေ့လန်က ငယ်ငယ်ကတည်းက အိမ်ချင်းကပ်လျက် ဆိုတော့ မောင်နှမ အရင်းတွေလို ခင်လာခဲ့ကြတာ မိဘတွေကလည်း စီးပွားရေးမိတ်ဖက်တွေဆိုတော့ ပိုပြီးရင်း​နှီးခဲ့ကြတာပေါ့
ဒါပေမယ့် အရွယ်ရောက်တဲ့ အချိန်မားက မင်းပါးနဲ့ လက်ထပ်ယူ​တော့ မားတို့ အိမ်စီးပွားရေး ကို ဖေး groupနဲ့ ပူပေါင်းလိုက်တာ
တိုက်ဆိုင်ချင်တော့ ​အဲ့အချိန်မှာ ဟွေ့လုပ်ငန်းစုမှာ စီပွားရေးကျနေတဲ့ အချိန် မားတို့က လူငယ်တွေဆိုတော့ စီးပွားရေးအကြောင်း သိပ်လည်း စိတ်ထဲမထည့်ခဲ့ဘူး
မားလက်ထပ်ပြီးတစ်လအကြာမှာ သိလိုက်ရတာက ဟွေ့လုပ်ငန်းစု ​ပျက်ဆီးသွားပြီတဲ့
အဲ့အချိန်မှ မားလည်း ဟွေ့လန်လေးကို သတိရပြီး ​ကူညီပေးဖို့ လုပ်ပေမယ့်
ဟွေ့လန်တို့က ထွက်သွားခဲ့ပြီ
ဒီကိစ္စနဲ့ မားတို့ကို အငြိုးထားခဲ့ မှန်း လည်း
သားငယ်ကို ဖမ်းခေါ်ပြီး အကြပ်ကိုင်တဲ့ အချိန်မှပဲ သိခဲ့ရတာ "

ဆန်းဆန်းကြီး systemWhere stories live. Discover now