Arc 3.6

11.2K 1.3K 64
                                    

လနတ်သမီးအဆောင်တော်
အကြောင်းအရာတစ်ခုခုကို တိုင်ပင်ရင်းရင်း အလိုမကျစွာ မျက်ခုံးတွေတွန့်ချိုးထားတဲ့
မိန်းကလေး လနတ်သမီးချူရင်း
သူ့ရှေ့ကစားပွဲကို လက်သီးဆုပ်ကာ
ထုချလိုက်ပြီး စိတ်ဆိုးစွာပြုမူနေသူ

"လက်ဆက်ပွဲကို တတ်နိုင်သမျှအမြန်ဆုံးဖြစ်အောင် စီစဥ်ဖို့ ပြောထားကို နောက်လထိစောင့်ရအောင် နှေးနေရသလား "

"မလောပါနဲ့ ချစ်ရယ် ကိုယ်လည်း တတ်နိုင်သမျှ ချစ်စိတ်ချမ်းသာအောင် စီစဥ်ပေးနေတာပဲလေ
ကိုယ့်ကို အမိန့်တွေသိပ်မပေးနဲ့ "

ချစ်သူနှစ်ယောက်လိုက်လည်းလိုက်တဲ့ အတွဲပါလေ တစ်ယောက်က သူ့မောင်နဲ့ ယူပေးဖို့တောင်းဆိုတယ်
တစ်ယောက်ကလည်း ငြင်းပယ်ခြင်းမရှိလက်ခံတယ်
အလှတရားရော စိတ်နှလုံးပါ ​ကောင်း​မွန်ပြည့်စုံတဲ့ အချစ်နတ်ဘုရားလေးကို ပိုင်ဆိုင်ရမယ့် အခွင့်အရေးကို လက်လွှတ်မခံဘဲ
လနတ်သမီးရဲ့ အစီအစဥ်တွေကို အစအဆုံးလိုက်လုပ်ပေးနေတဲ့ ရှီကျင့် လနတ်သမီးနဲ့
တွဲတာရပ်စရာ မလိုဘဲ
အချစ်နတ်ဘုရားလေးကို အပိုဆောင်းရလိုက်သည့် သဘောမို့ သူ့အတွက်နစ်နာစရာမရှိ

"ဒီအဆောင်ကို ခနခနလာနေတာလည်း ဆင်ခြင်အုံး ချူရင်းလည်း အများအမြင်မှာ သနားစရာမဟုတ်ဘဲ အမြင်ကပ်ချင်စရာ ဖြစ်နေလိမ့်မယ် "

"ဒါတော့ ချစ်ပြောထားတဲ့ အတိုင်းပဲလေ
ပုံမှန်အတိုင်းပဲ နေမယ်ဆို
ရင်းချန်ကို ယူလိုက်တာက လွဲလို့ ကျန်တာ ​ဘာမှ မပြောင်းလဲဘူးဆို "

ချူရင်းဒီလူ​့ကို တော်တော်စိတ်မရှည်ချင်တော့ အသုံးလိုနေလို့​သာ သည်းခံနေရတာ

"ဒါတော့ အ​ခြေအနေက ပြောင်းသွားပြီ
ချူရင်းတို့မှန်းထားခဲ့တာက
ရင်းချန်က ​အဆောင်တော်မှာ ငြိမ်ငြိမ်လေး
နေနေမယ်လို့ ထင်ထားခဲ့တာလေ
အခုရင်းချန်က ငြိမ်ခံမယ့်ပုံမပေါ်ဘူး
အရှင့်ရဲ့ အရှေ့မှာ ဒီလက်ဆက်ပွဲကို
ပျက်အောင်ဖျက်မယ်လို့ ပြောထားခဲ့တာ
ရှင်က လက်ဆက်ပွဲကို အပျက်ခံချင်လို့လား "

ဒါတော့မဖြစ်ဘူး အရင်ထဲက လက်ဆက်ရမယ်ဆို အချစ်နတ်ဘုရားလေးကို အိမ်သူသက်ထားဖြစ်စေချင်ခဲ့တာ
စိတ်သဘောထားဖြူစင်သူလေးမို့ သူ့ချစ်သူချုရင်းနဲ့ အရမ်းကွာတယ်
ချူရင်းက ဟန်ဆောင်ကောင်းတဲ့သူ တစ်ယောက်သက်သက်ပဲ
အများရှေ့မှာပဲကောင်းတဲ့ အခြမ်းကိုပြတာ
ရှီကျင့်လည်း ချူရင်းအကြောင်း ကောင်းကောင်းသိနေပြီ
ကိုယ့်မောင်အပေါ်တောင်အကောက်ကြံတဲ့ မိန်းကလေးမျိုးထက် ဖြူစင် အချစ်နတ်ဘုရားလေးကိုသာ လက်ဆက်ချင်တာ

ဆန်းဆန်းကြီး systemWhere stories live. Discover now