Arc 3.10

11.1K 1.3K 52
                                    

ကောင်းကင်ညီလာခံ
နတ်ဘုရားတချို့နဲ့ နတ်မျိုးနွယ်တို့
အချိန်အခါမဟုတ်ပဲ ခေါ်တဲ့ ညီလာခံ ကြောင့် တစ်ယောက်နဲ့ တစ်ယောက် အကြောင်းအရင်းကို မေးနေကြပေမယ့် တစ်ယောက်မှ မသိကြ
အရေးကိစ္စတစ်ခုခုရှိလို့ အခုလိုခေါ်ရခြင်းဖြစ်နိုင်သည်
ပုံမှန်ကောင်းကင်ညီလာခံက သုံးလတစ်ခါသာ ကျင်းပလေ့ရှိပြီး ပြီးခဲ့တာက တစ်လပင်မပြည့်သေး

နတ်မျိုးနွယ်အတော်များများတော့ စုံသလောက်ရှိပြီ 
အချစ်နတ်ဘုရားရင်းချန်နဲ့ လနတ်သမီး ချူရင်းတို့လည်း ရောက်ရှိနေပြီး
မောင်နှမဖြစ်ပေမယ့် စကားတော့ မပြောကြ
လနတ်သမီးချူရင်းက လှပသော အပြုံးတို့ကို နှုတ်ခမ်းထက်ဝယ်ချိတ်ဆွဲထားပြီး
အများအမြင်မှာ အေး​ချမ်းပြီး မာန်မာနကင်းသော အလှနတ်ဘုရာမလေး
ဒါတွေက အပေါ်ယံမျက်နှာဖုံးသာ ဖြစ်ကြောင်း သိတဲ့ ရှောင်းကျန့်လေးကတော့
သူ့အစား ပူလောင်လွန်းလှသည်
မောင်နှမအရင်းတောင် မကောင်းကြံနိုင်တဲ့ မိန်းကလေးကိုလည်း အံ့သြရလွန်းလို့
ကမ္ဘာအစစ်မှာ တစ်ဦးတည်း​သော သားဖြစ်တဲ့ ရှောင်းကျန့်လေးက အမလိုချင်စိတ်တောင် ပျောက်တယ်

ခနကြာတော့ ​အရှင်နဲ့အတူ နောက်ကပါလာတဲ့လေနတ်ဘုရား ရှီကျင့်
အရှင်ကသူ့ရဲ့ ပုလ္လင်မှာ ဝင်ထိုင်ပြီး

"ဒီနေ့ ကြားဖြတ် ညီလာခံခေါ်ရတဲ့ အကြောင်းက နတ်မျိုးနွယ်တွေအားလုံး သိထားသင့်တဲ့ အကြောင်းအရာတစ်ခုနဲ့
အရင်သတ်မှတ်ထားတဲ့ ကိစ္စတစ်ခုကို ပယ်ဖျက်မလို့ "

"ဘာကိစ္စများလည်း အရှင် "

နတ်မျိုးနွယ်ထဲက တစ်ယောက်က မေးလိုက်ခြင်း
လီဟွန်းက လေနတ်ဘုရားကို ဝန်ခံဖို့ အချက်ပြလိုက်တော့

"အရင်တစ်ခေါက် ညီလာခံမှာ
အချစ်နတ်ဘုရားရင်းချန်နဲ့ ကျနော်က ချစ်သူတွေဆိုတာ လိမ်ပြောခဲ့တာပါ
အချစ်နတ်ဘုရားကို လက်ဆက်ဖို့ အခွင့်အရေးကို လိုချင်ရင် အစအဆုံးကူ​ညီပေးမယ်ဆိုတဲ့ တစ်စုံတစ်ယောက်ရဲ့ မက်လုံးတွေကြောင့် လိုက်လုပ်ခဲ့မိတာပါ
အားလုံးအရှေ့မှာပဲ ကျွန်တော့ အမှားကို ဝန်ခံ​ပါရစေ
ထိုက်သင့်တဲ့ အပြစ်ဒဏ်ကိုလည်း ခံယူမှာပါ "

ဆန်းဆန်းကြီး systemWhere stories live. Discover now