Arc 4.11

9.5K 1.2K 60
                                    

Uni တက်​နေပြီ ဖြစ်တဲ့ ရှောင်းကျန့်လေးကို
Uni ပြီးသွားတဲ့ အကိုဆူမင်က
နေ့စဥ်အကြိုအပို့လုပ်ပေးသည်မို့
ကြည်နူးစရာ အခိုက်အတန့်လေးတွေ  ဖန်တီးရမလားမှတ်တယ် အမြဲ ကန့်လန့် ကန့်လန့် ပါလာသူက ယူဂျယ်အင်
မခေါ်ချင်မှန်းသိတာတောင် မျက်နှာပြောင်တိုက်ပြီး လိုက်နေတာ နည်းတဲ့ skillလား ဒါတင်မကဘူး
Uniကိုလည်း ရှောင်းကျန့်တတ်တဲ့ ကျောင်းပဲလိုက်တက်တယ်
ရှောင်းကျန့်သွားလေရာ တစ်ကောက်ကောက်လိုက်နေတယ်
အကို ဆူမင်နဲ့ date သဘောမျိုး လျှောက်လည်ကြမယ်ဆိုရင်တောင် အလွတ်မပေးဘူး
ရောက်လာတတ်တာ
ဒါကြောင့်လည်း အကိုဆူမင် ဖွင့်ပြောဖို့ အခွင့်အရေးမရတာလည်းပါတယ်
မဖြစ်သေးပါဘူး အကို ဆူမင်ကို ရှောင်းကျန့်လေးက ပဲ ဖွင့်ပြောမှ ဖြစ်တော့မယ်

"ဟဲ့ ယွန်းဆန်း အစောကြီးသွားတော့မလို့လား သားငယ် ဂျယ်အင်ကိုစောင့်လိုက်အုံးလေ"

ဒါပါပဲ ကြီးမားတဲ့ အနှောက်အယှက်တွေထဲကတစ်ခု အကိုဆူမင်နဲ့ နှစ်ယောက်တည်းသွားချင်လို့ စောစောခေါ်ထားပါတယ်ဆို

"ဒီနေ့တော့ သူတစ်ယောက်တည်း သွားပါစေဒေါ်လေးရာ "

"ယွန်းဆန်း အဲ့လိုမလုပ်ရဘူးလေ ဂျယ်အင်ခမျာ ခင်မင်ရတဲ့ သူငယ်ချင်းဆိုလို့ သားတစ်ယောက်တည်းရှိရှာတာ မေတ္တာငတ်နေတဲ့ ကလေးကို မင်းကပါ စိတ်ထိခိုက်အောင် မလုပ်ချင်စမ်းနဲ့ "

ရှောင်းကျန့်လေးကတော့ အဲ့လိုမထင်ပါဘူး
အဒေါ်ကိုတော့ သူအကြောင်းတွေဘယ်လိုပြောပြီး သနားစေမှန်းမသိပေမယ့်
ဟန်ဆောင်နေတယ်ဆိုတာတော့ ကောင်းကောင်းကြီးသိတယ်

ဒီလိုနဲ့ ရှောင်းကျန့်ရဲ့ အစောသွားမယ်ဆိုတဲ့ အစီအစဥ်ကြီးဟာလည်း ပျက်စီးသွားခဲ့တယ်
ဘယ်လိုပဲဖြစ်ဖြစ်ပါလေ ဒီနေ့တော့ အကို ဆူမင်ကို ရအောင်ဖွင့်ပြောမယ်

"ယွန်းဆန်းး ငါရောက်ပြီ သွားကြ​ရအောင်လေ "

အဒေါ်ရှေ့မှာသာ သာမန်သူငယ်ချင်းတွေလို ပြောတာ ကျောင်းရောက်တာနဲ့ တစ်ကိုယ်တည်း ကိုယ်နေတာ
တစ်ယောက်ယောက်က ကြည့်ရင်လည်း ပြသနာသွားရှာတတ်သေး
မသိရင် သူက ကိုယ့်ရဲ့ ဘဲလိုလို
ကျောင်းက လူတွေ အတော်များများလည်း
အဲ့လိုထင်ကြတာ
သူက The whole King ကိုယ်က prince
ဆိုတော့ လူသိများသလို
Pageတွေထောင်ပြီး ပေးစားနေကြတဲ့ သူတွေလည်း ရှိတယ်

ဆန်းဆန်းကြီး systemWhere stories live. Discover now