Arc 1.5

17.9K 1.8K 60
                                    

မနက်အလင်းရောင်တောင်ကောင်းကောင်းမထွက်သေးချိန် အလုပ်ခိုင်းဖို့ အခေါ်လွှတ်လိုက်တဲ့ ဝမ်အရှင်ကို ရှောင်းကျန့်လေး တစ်လမ်းလုံးမေတ္တာပို့နေမိတယ်
ရှောင်းကျန့်ဆိုတာ နဂိုတည်းက အအိပ်မက်တဲ့ သူမျိုး အိမ်မှာဆိုရင်တောင် မားကလွဲပီး ကျန်တဲ့ သူတွေလာနိုးရင် အော်လွှတ်နေကြ
အိပ်ချိန်မှာ နှောက်ယှက်တာကို ဘယ်လိုမှသည်းမခံနိုင် ဒီဘုရင် ရုပ်လေးချောသလောက် အကျင့်တော်တော်ယုတ်တာ အ​ရင်ကြင်ယာတော်ရှောင်းက ဘယ်လိုများသည်းခံခွင့်လွှတ်ပေးပြီး
လင်စားချေချင်တဲ့ အထဲ ဒီဘုရင်စုတ်က ပါမလာရတာလဲ mission ထဲမှာ ဒီဘုရင်ကို လက်စားချေဖို့သာပါခဲ့ရင် ရှောင်းကျန့်လေး
တော်တော်ကြိုးစားလုပ်ပေးမိမှာ ခုတောင်တော်တော်လေးအမြင်ကပ်နေပြီ

နန်းဆောင်ထဲရောက်ရောက်ချင်း
မြင်လိုက်ရတဲ့ မျက်နှာနဲ့ လောကကြီးကို စိတ်ကုန်ဖို့ လုံလောက်ပြီ ​ကုတင်ပေါ်မှာမိန့်မိန့်ကြီးထိုင်ပြီး ခနဲ့ပြုံးနဲ့ စောင့်ကြိုနေတဲ့ ဝမ်အရှင်က တမင်လုပ်နေမှန်းသိသာလှသည် ဒီအချိန်ကြီး ခိုင်းစရာအကြောင်းရှိခဲ့ရင်တောင် သူ့အဆောင်ထဲက အပျိုတော်​တွေ နန်းတွင်းသူတွေ ရိုက်သတ်လို့ မကုန်အောင်ရှိရဲ့ နဲ့ ကိုယ့်ကို တမင်ခေါ်တာ
ဘုရင်စုတ် ဘုရင်ပြတ် ဘုရင်နာ
ဒေါ​သတွေကိုလျှော့ပြီး ​အခေါ်လွှတ်ရတဲ့အကြောင်းအရင်းကို အရင်မေးရမယ်
သူမကျေနပ်ရင် ပင်ပန်းမှာက ကိုယ်လေ

"အရှင် ဘာကိစ္စများရှိလို့ အခေါ်လွှတ်ရတာလဲ "
ဘယ်လိုပဲ စိတ်လျှော့စိတ်လျှော့ မာဆတ်ဆတ်အသံသာ ထွက်လာခဲ့သည်

"မျက်နှာသစ်ဖို့ လိုလို့ "

အဲ့တာပဲကြည့်လေ ရှောင်းကျန့်လေး အလွန်မဟုတ်ဘူးမလား မျက်နှာသစ်တာတောင် ကိုယ့်ဘာသာ မသစ်ပဲ
အိပ်နေတဲ့ ကိုယ့်ကို တကူးတကကြီး လှမ်းခေါ်တာ တကယ်စိတ်တိုဖို့ မကောင်းဘူးလား

ပြိုင်ပြီးလည်းမပြောချင်တာကြောင့်
ဘေးကနန်းတွင်းသူလေး ယူလာပေးတဲ့ ရေဇလုံလေးကို ဘေးနားချကာ ပဝါကိုရေဆွတ်လိုက်ပြီး
အရှင့် မျက်နှာပေါ် ဘတ် ကနဲ တင်လိုက်တယ်

ဆန်းဆန်းကြီး systemWhere stories live. Discover now