Arc 3.3

11.8K 1.4K 53
                                    

ကောင်းကင်မင်းကြီးရဲ့ နန်းဆောင်ရှေ့ရောက်တော့ ရှောင်းကျန့်လေး စိတ်တွေလှုပ်ရှားလာတယ်
လူကြီးဖြစ်နေမလားဆိုတဲ့ စိတ်ကလေးနဲ့
ဟုတ်ခဲ့ရင်တော့ ကောင်ကင်မင်းကြီးရဲ့ ခွင့်လွှတ်ဖို့ အသည်းအသန် ကြိုးစားမိမှာ
မဟုတ်ဘူးဆိုရင်တော့ လူကြီးကို ဒီကမ္ဘာမှာ ရှာဖို့ ခက်သွားလိမ့်မယ်
ရှောင်းကျန့်လေးလည်း အချစ်ကြောင့် ရူးနေပြီထင်ပါတယ်
ခြေတစ်လှမ်းတိုးတိုင်း စိတ်တွေ ခုန်လာတယ်

လနတ်သမီးနဲ့ အတူ နန်းဆောင်ထဲဖို့ ဝင်ဖို့ပြင်တော့
တံခါးစောင့် မိန်းမပျိုနှစ်ယောက်က တားတယ်

"အချစ်နတ်ဘုရားကို အရှင်က ဝင်ခွင့် ပိတ်ထားပါတယ် "

စိမ်းကားလိုက်တာ ဒီလိုအကျင့်စရိုက်မျိုးဆို
လူကြီးမှ ဟုတ်ပါ့မလား

ရှောင်းကျန့်ရဲ့ အတွေးတွေ လွဲမှားကြောင်းကိုတော့ အဆောင်ထဲက ထွက်လာသူ
ကိုယ်ရောင်ကိုယ်ဝါ တောက်ပလွန်းတဲ့
ကောင်းကင်မင်းကြီး
အနီရောင်ဝတ်စုံရှည်နဲ့ လိုက်ဖက်တဲ့ မျက်နှာချောချော သေချာပေါက် လူကြီး​နဲ့ တစ်ပုံစံတည်းရယ်

"လနတ်သမီးရောက်နေတာပဲ
ကိုယ်တော်က ကြာကန်ဘက် သွားတော့မလို့ "

နှစ်ယောက်လာတာတောင် တစ်ယောက်တည်းပဲ ကွက်စကားပြောတဲ့ ကောင်းကင်မင်းကြီးက လူကို ဝမ်းနည်းစေတယ်

"အရှင် စိတ်မရှိရင် ချူရင်းနဲ့ မောင်ငယ်အတွက် အချိန်ခနလောက်တော့ပေးစေချင်ပါတယ်
အရှင့်ကို အနှောက်အယှက်ပေးမိပြီ "

"လနတ်သမီးအတွက် ကိုယ်တော့မှာ အချိန်ရှိတာ​ပေါ့ ကြာကန်ဘက် လိုက်ခဲ့လေ
ကိုယ်တော့ ဘဝအတွက် အမှတ်တရ တစ်ချို့ရှိ​တဲ့နေရာလေ "

"ဟုတ်ကဲ့ပါအရှင် "

သူတို့ဘာသာ လေပေးတွေဖြောင့်ပြီး နောက်ဆုံးအဆုံးသတ်စကားလေးပြောခါနီးမှာတော့
သူ့ကိုကြည့်လာတဲ့အရှင်
အရှင့်ရဲ့ အကြည့်တွေက ဘာလို့ စိမ်းသက်နေသလို ခံစားရတာလဲ
သစ္စာဖောက်ခံရတယ်လို့ ထင်ပြီး စိတ်ဆိုးနေလို့များလား
လူကြီးကို ပြန်တွေ့လို့ ​ပျော်တောင်မပျော်ရသေး ဝမ်းနည်းမှုတွေအရင်ခံစားနေတယ်
ရှောင်းကျန့် ဘဝလေးက မလွယ်ပါလားနော်

ဆန်းဆန်းကြီး systemWhere stories live. Discover now