Arc 1.8

16.6K 1.8K 96
                                    

ရှောင်းကျန့် systemရဲ့ အဖြေကြားအပြီး
မျက်နှာလေးရဲကနဲ
အစားစားနေတာတောင် နင်တော့မလို့
အောင်မြင်တဲ့30%က အရှင့်ရဲ့ အချစ်ခံလေး​ဖြစ်ဖို့ missionကနေ ရတာတဲ့
ရည်ရွယ်ချ​က်က နှစ်ခုမလို့
အရှင့်ရဲ့ အချစ်ခံလေး ဖြစ်ဖို့က 50% နဲ့
မိဖုရား​နဲ့ ကြင်ယာတော်တွေကို လက်စားချေ ဖို့က 50%တဲ့လေ
အရှင့်ရဲ့ အချစ်ခံလေး ဖြစ်ဖို့ ကနီးစပ်နေပြီတဲ့လေ သူတောင်ဘာမှ မကြိုးစားရသေးတာကို
ရွဲ့လိုက် ပြန်ခံပြောလိုက်နဲ့ကို အရှင်က နှစ်သက်နေပြီတဲ့လား
ရှောင်းကျန့်လေးခမျာ မရှက်ပဲ မနေနိုင်ဘူး
အရှင်က သူ့ရှေ့တည့်တည့်မှာ ရှိနေချိန်ကိုမှ
လာပြောတဲ့ systemကို လည်း မေတ္တာပို့မိပြီ
ဒါကို အလိုက်မသိတဲ့ အရှင်က

"​ကြင်ယာတော်လေး နေမကောင်းဘူးလား "
ဆိုပြီး မျက်နှာကို ထိကိုင်ကြည့်နေတယ်လေ
ဘယ်နေရာက မှန်းမသိတဲ့ အသံတွေကလည်း တဒုတ်ဒုတ်နဲ့
မဟုတ်ဘူး ရင်ဘတ်ထဲကဖြစ်လို့မရဘူးလေ
အရှင်ကယောက်ျားလေးလေ 
စိတ်ထိန်းစမ်း ရှောင်းကျန့်
ဘယ်လိုပဲစိတ်ထိန်း စိတ်ထိန်း အရှင့်က သူ့အပေါ် နှစ်သက်မှုရှိတယ်ဆိုတဲ့ အသိနဲ့
အခုတင်ရရှိလိုက်တဲ့ ဂရုစိုက်မှုတွေက
ရှောင်းကျန့်လေးရဲ့ စိတ်တွေကို ဂယောက်ကယက်ဖြစ်စေသည်

*hostအခုချိန်မှာ အရေးကြီးတာက လက်စားချေဖို့ပါ ရင်တွေပရမ်းပတာခုန်နေဖို့မဟုတ်ပါဘူး
warning ထဲရောက်နေပါပြီ
ဒီနေ့အတွင်း percent တက်မလာရင် mission ကျရှုံးဖို့ သေချာသလောက် ရှိနေပါပြီ *
တကယ်တည်း hostတို့မျက်နှာလိုက်ပုံများ သူ့လူကြီးကျတော့ အသား ထိရုံနဲ့ ရင်တွေခုန်နေတယ်တဲ့ system အလှည့်တုန်းကျ သံbrushကြီးကျနေတာပဲလေ
hostမတရားဘူး
systemကလည်း host ကြည်နူးနေတာကို မကြည့်နိုင်ဘူး
systemလည်း အကျင့်က ခပ်ယုတ်ယုတ်ပဲ ဟွန့်

ရှောင်းကျန့်လည်း systemရဲ့ အသိပေးချက်ကို ကြားပြီးတာနဲ့
​ခေါင်းလေးကို အလုပ်ပေးလို့ လက်စားချေဖို့ နည်းလမ်းကို အမြန်စဥ်းစားရတယ်
ကြင်ယာတော်ရှောင်းအလှည့်တုန်းက
အရှင်က မိဖုရားတွေ ကြင်ယာတော်တွေအားလုံးနဲ့ တစ်လတစ်ခါ တွေဆုံလေ့ရှိပြီး မိဖုရားနဲ့ ကြင်ယာတွေကြား ရင်းနှီးမှုတည်ဆောက်တယ်ဆိုတဲ့ ခေါင်းစဥ် နဲ့
သူတို့အားလုံးပေါင်းပြီး ကြင်ယာတော်ရှောင်းကို ဝိုင်းပြီး နှိပ်ကွတ်ခဲ့ကြတာ
အဲ့လိုနေ့ရောက်ရင် ကြင်ယာတော်ရှောင်း မျက်ရည်ကျရမြဲ
ဒီအကြောင်းတွေ ခေါင်းထဲပေါ်လာတော့ အစောက အရှင့်ကို ရင်ခုန်နေတဲ့စိတ်တောင်ပျောက်​တယ် ကြင်ယာတော်ရှောင်း အပေါ် သိပ်ရက်စက်ခဲ့ကြတာကိုးး

ဆန်းဆန်းကြီး systemWhere stories live. Discover now