Arc 3.13

10.9K 1.4K 89
                                    

နတ်ဆိုးသခင်ရဲ့ ချစ်ရသူက ဘယ်သူလဲဆိုတာ အားလျန်ပြော​ပြတော့မှာမို့ သေချာ​နားထောင်နေပါတယ်ဆို
"ရင်းချန်" ဆိုတဲ့ ခေါ်သံနဲ့ အ​တူရောက်လာတဲ့ အရှင် ဒီရက်ပိုင်း အရှင်နဲ့ မတွေ့ချင်ဘူး
စိတ်တွေရှုပ်ထွေးနေလို့

"ရင်းချန် ကိုယ်နဲ့ နန်းဆောင်ကိုလိုက်ခဲ့
ကိုယ်မင်းအတွက် စီစဥ်ပေးထားတာရှိတယ် "

လက်ကိုဆွဲကာ ခေါ်နေတဲ့အရှင်ရဲ့မျက်နှာလေးကို ကြည့်ပြီး ဦးနှောက်က ခွင့်ပြုနေပေမယ့် နှလုံးသားက ငြင်းဆန်နေတယ်
ဒီရက်ပိုင်း အရှင်နဲ့တွေ့တိုင်း ဖြစ်ပေါ်လာတဲ့ အဓိက ပြသနာပဲ အမြဲ စိတ်နှစ်ခွဖြစ်တယ်
အတွေးနှစ်ခုက အမြဲတမ်းလွန်ဆွဲနေရတယ်
ဒါကြောင့်လည်း အရှင်နဲ့ မတွေ့ချင်တာ စိတ်ရှုပ်ရလို့

"ဟုတ်ကဲ့ အရှင် ကျနော် လိုက်ပါ့မယ် "
နောက်ဆုံး ဆုံးဖြတ်ချက်အရ ဦးနှောက်ကို အနိုင်ပေးလိုက်တယ်
လိုက်သွားသင့်တာမို့ အရှင်က တခြားသူလည်းမဟုတ် သူနဲ့လက်ဆက်မယ့် ချစ်ရသူပဲလေ

ကောင်းကင် အရှင်နဲ့ပါသွားတဲ့ အချစ်နတ်ဘုရားလေးရဲ့ ပုံရိပ်လေးကြည့်ပြီး
အားလျန် သက်ပြင်းချမိတယ်
သိဖို့ အချိန်မတန်သေးဘူး ထင်ပါရဲ့
ဘယ်လိုပဲဖြစ်ဖြစ် အခုပြောပြလိုက်တဲ့ အကြောင်းအရာတွေက တစ်ချိန်မှာ သေချာပေါက် အထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်တယ် သခင်ရော အချစ်နတ်ဘုရားလေးရော ကံကောင်းပါစေ

ရှောင်းကျန့် ကို အရှင်က ကောင်းကင်နန်းတော်မှာရှိတဲ့ အရမ်းလှတဲ့ ဥယျာဥ်လေးဆီခေါ်လာတာ
တမင်စီစဥ်ထားပုံရတယ်
ဥယျာဥ်လေးက အစိမ်းရောင်တွေနဲ့ ပြည့်နှက်နေရမယ့် အစား ပန်းရောင် ​တွေသာ ဖုံးလွှမ်းနေတယ်
စားသောက်ဖို့ ပြင်ဆင်ထားပုံရတဲ့ စားပွဲဝိုင်းလေးက အစ ခုံလေးတွေပါ
ပန်းရောင်လေးတွေ
ပန်းကန် အသုံးအဆောင် ရေနွေးကရား
​ကြွေခွက် တွေသာမက
ဘေးပတ်လည်မှာရှိတဲ့ အပင်တွေကလည်း
ပန်းရောင် အပွင့်မျိုးစုံ သာ လှိုင်လှိုင်ပွင့်နေတယ် မသိရင် ပန်းရောင် ကမ္ဘာကြီးထဲရောက်သွားတဲ့အတိုင်း
မိန်းကလေးတစ်ယောက်အတွက်ဆိုရင်တော့ ဒီအပြင်အဆင်က သိပ်လိုက်ဖက်နေပေမယ့်
ရှောင်းကျန့် က ယောက်ျားလေးတစ်ယောက်
ပြီးတော့ ပန်းရောင်မကြိုက်ဘူး
အနီရောင်ပဲ ကြိုက်တာ

ဆန်းဆန်းကြီး systemWhere stories live. Discover now