Arc 5.2

11.1K 1.2K 53
                                    

*အော်တာရပ်လို့ရပါပီ ငါးမဟုတ်ပါဘူး hostရဲ့ အနွယ်ဝင်ရုံလေးပါ *

လန့်လို့ အတောမသတ်နိုင်တဲ့ hostကို နောက်ဆုံးတော့လည်း Xiao Paing ကပဲ
ထိန်းရတာပါပဲ

*ပို့စရာရှားလို့ ရေအောက်ပို့ရလား xiao paing လန့်ပြီး အသက်ထွက်သွားစေချင်တာလား *

​ပြောသာပြောနေတာ ရှောင်းကျန့်အာရုံတွေက သူ့ရဲ့ ခရမ်းရောင်နဲ့ လိမ္မော်နီရောင်ရောစပ်ထား အမြီးလေးကို ဟိုရွှေ့ ဒီရွှေ့ကစားနေသေးတာ

*သဘောမကျဘူးဆိုတာ သေချာလို့လား host *

မလိမ်တမ်းပြောရရင်တော့ ရှောင်းကျန့်ရဲ့ အသစ်အဆန်းဘဝလေးအတွက်
သဘောတော့ကျသား
စိတ်ဝင်စားဖို့ကောင်း​တယ်
ရေအောက်ကမ္ဘာလေးမှာဘေးကဖြတ်သွားတဲ့ ငါးအုပ်လေးကို ကြည့်လိုက်
အမည်မသိတဲ့ အထူးအဆန်းရေသတ္တဝါလေးတွေကိုကြည့်လိုက်နဲ့
သဘောအကျကြီး ကျနေတော့တယ်

"မင်းသားလေး တယ်တယ်​ ရောက်ပြီ
သတင်းကောင်းရော သတင်းဆိုးရောပါလာပါတယ် မင်းသားလေး "


ရှောင်းကျန့် ကမ္ဘာအသစ်လေးကို လေ့လာနေတုန်း နားထဲဝင်လာတဲ့ အသံအောအောတစ်ခု
သေချာတာက xiao paingရဲ့ အသံ မဟုတ်တာမို့ အသံလာရာ လမ်းကြောင်းအတိုင်း လှည့်ကြည့်လို​က်တော့
သူ့ဆီ ယက်ကန်ယက်ကန်နဲ့ လာနေတဲ့ အစိမ်းရောင်အလုံးလေး
အနားရောက်လေ ပုံစံပိုပေါ်လာလေ ဖြစ်တဲ့ အစိမ်းလုံးလေးက
လိပ်လေးပဲ
သူ့ဆီလာနေတာလဲ သေချာတယ်
ပြီးတော့ ဒီနားတစ်ဝိုက် မင်းသားနဲ့တူတာဆိုလို့ ရှောင်းကျန့်ပဲရှိတာ

*သူ့နာမည်က တယ်တယ်တဲ့ ပင်လယ်လိပ်ကလေးပါ
hostဝင်ထားတဲ့ မူလဇာတ်ကောင်ရဲ့ အယုံကြည်ရဆုံး ဘက်တော်သားလေးပါ *

*နားလည်ပီ *

"ပြောပါအုံး သတင်းဆိုးက ဘာများလဲ တယ်တယ် "

"မင်းသားလေး စုံစမ်းခိုင်းထားတဲ့ ရေသူသမိုင်းတစ်လျှောက် ခြေထောက်အသွင်ပြောင်းနိုင်ခဲ့တဲ့သူ အတော်ရှားပါတယ်တဲ့ "

ဘာလဲ အရင်ဇာတ်ကောင်က ခြေထောက်ပြောင်းချင်လို့စုံစ်းခိုင်းထားတာများလား
ငါလေးက ခုမှ ရေသူထီးဘဝကို နေကြည့်မလို့လေ

ဆန်းဆန်းကြီး systemWhere stories live. Discover now