ရှောင်းကျန့် ခုချိန်ထိ လက်က မချရသေးတဲ့ ယုန်မဲလေးကို အစောက သူထိုင်နေတဲ့ အဆောင်သေးသေးလေးဆီသာ ပြန်သွားပြီး
ယုန်လေးကို ပွတ်သပ်ပေးရင်း
ရှုခင်းတွေရဲ့ အလှကို ရှုစားနေတယ်
သူလုပ်သမျှကို နားရွက်လေးကုပ်ကာ ငြိမ်ခံနေတဲ့ ယုန်လေးကို သိပ်သဘောကျတယ်"မင်းကို ငါနေတဲ့ နေရာ ခေါ်သွားမယ်
ချစ်ဖို့ကောင်းလို့ "ယုန်မဲလေးက ရှောင်းကျန့်ပြောတာကို သဘောတူဟန်ရှိတယ်
ပွေ့ချီထားတဲ့ သူ့လက်ကလေးကို နှာခေါင်းလေးနဲ့ တရှုံ့ရှုံနမ်းလာတယ်"ဒါဆို မင်းက ငါ့ကလေးဖြစ်သွားပြီ
နာမည်ပေးရမယ်
ချစ်ဖို့ကောင်းတဲ့ ယုန်လည်လေးဆိုတော့
အရှင်နဲ့ လူကြီးနာမည်ပါအောင် ပေးရမယ်"ပြောရင်း လူကြီးကိုတောင် သတိရသွားပြန်ပြီ
ခွဲရတာ ဘယ်လောက်မှ မကြာသေးဘူး လွမ်းလာပြီ လူကြီးရာ
ဒါတွေကို ကြိုသိလို့ မချစ်ချင်ခဲ့တာ
ခုတော့ လွမ်းနေရပြီယုန်လေးကတော့ ရှောင်းကျန့်လေး ဝမ်နည်းနေတာကို သိနေတဲ့အလား နားရွက်လေးထောင်ကာ မော့ကြည့်နေလေရဲ့
"ဟုတ်ပါပီ မင်းကို နာမည် အရင်ပေးမယ်
နောက်မှ လူကြီးကို လွမ်းမယ် သိလား "ဒီတစ်ခါလည်း သဘောတူကြောင်း
သူ့လက်ကို တရှုံ့ရှုံ့နမ်းပြန်တယ်"အလည်လေးမင်းက
အရှင့်နာမည်က ဝမ်ရိပေါ် လူကြီး ကဟွေ့လန်ဆိုတော့ မင်းလေးကို လန်ပေါ်လို့ခေါ်မယ်
သဘောကျလား "ရှောင်းကျန့် လန်ပေါ်လေးကို ပွေ့ချီကာ
သူနေတဲ့ အဆောင်လမ်းကို Xiao Paingလေးကို မေးပြီး ပြန်လာတယ်ကောင်းကင်နန်းတော်မို့လားပဲ နေရာတိုင်းက အကြည့်မလွှဲနိုင်အောင်လှတယ်
သူ့ရဲ့ အဆောင်တော်လေးကလည်း သိပ်လှတယ်
အဆောင်တော်ရဲ့ ဝင်လာတဲ့ လမ်းမှာရှိတဲ့ မက်မွန်ပင်တစ်ပင်က ရှောင်းကျန့်လေးကို ကျေနပ်စေတယ်
ခေတ်မှီဖွံ့ဖြိုးတိုးတက်နေတဲ့ မြို့ကြီးမှာ.နေတဲ့ ရှောင်းကျန့်အတွက် အပင်အောက်က အဆောင်တော်လေးကို သိပ်သဘောကျတယ်
YOU ARE READING
ဆန်းဆန်းကြီး system
Fanfictionကိုယ့်ဘာသာ အေးဆေးသေပါရစေ ဂယ်ပဲ system က ဆိုပြီး ယောက်ျားပေးစားကြအုံးမယ် မသိတာခက်လို့