Arc 5.18

6K 777 6
                                    

"အီးးးး ဟီးးး ပါးပါးကပါ ဟိုဟာလေးဘက်က ငါ့ဘက်ကျတစ်ယောက်မှ မရှိကြဘူး
လောကကြီးက မတရားလိုက်တာ
အဟင့် "

"ကိုကိုကပိုဆိုး သူ့ဟာလေးရဲ့ secretကိုလည်း ပြောပြရသေးတယ်
လူကိုလည်း လာအော်သေးတယ်
မကျေနပ်ဘူး ဟင့် "

ဟိုဘက်အိမ်ကပြန်လာကတည်းက
ထမင်းစားခန်းမှာ အရက်သောက်ကာ အော်ငိုနေတဲ့ အကိုလေးကို ကြည့်ပြီး လျန် အခြေအနေကို ရိပ်စားမိပါသည်
အကိုလေး အကြံမအောင်လာခဲ့ဘူးပဲ
ဟိုကောင်လေးကို စိတ်ကွက်လုပ်ဖို့ စီစဥ်ထားခဲ့သမျှ အကိုလေးဘက်မျှားဦးလှည့်ခံရသည်ထင်
အရင်ကလုပ်ယူထားတဲ့ တည်ငြိမ်တဲ့လူ​ဆိုးလေးအသွင်တောင် ဆက်မထိန်းထားနိုင်ပဲ ကလေးလေးလို အော်ငိုနေသည်လေ
ဘယ်လိုချစ်စရာကောင်းမှုမျိုးလဲ အကိုလေးရာ လျန့်ရဲ့ စိတ်ထဲမှာ ပစ်မှားမိသလောက်ဆို အကိုလေးရစရာ မရှိတော့ဘူး
အသည်းယားလွန်းလို့

"ဟာ... ဒီအရက်ကလည်း မသောက်ရသေးဘူး ကုန်သွားပြန်ပြီလား
ဘာလို့လဲ အရက်ကပါ ငါ့ကိုစိတ်ဒုက္ခပေးနေရတာလဲ ...

'ဟိုတစ်ယောက် ဘီယာကတ်လိုက်ယူလာခဲ့ '

အရက်ကို စိတ်နာသွားပြီ ဘီယာပြောင်းသောက်မယ်
အဲ့လိုပဲ ကျနော့ကို မလိုချင်တဲ့ ကိုကို့ကိုလည်း စိတ်နာလို့ ရရင်ကောင်းမယ်ဗျာ
တခြားတစ်ယောက်ကိုပြောင်းချစ်ပစ်ချင်တယ် ဒါပေမယ့် ကျနော့နှလုံးသားလေးက ဦးနှောက်ရဲ့ ဆုံးဖြတ်ချက်တွေကို နားမထောင်ဘူးဗျာ "

ဒီနေ့မှ အသည်းတွေ ဇွတ်ကွဲနေတဲ့ အကိုလေးကို လျန်ကလည်း အလိုက်သတိနေပေးတယ် သူတောင်း​တဲ့ ဘီယာဘူးတွေကို အကိုလေးရှေ့ချပေးပြီး ဘေးနားမှာပဲ ရပ်နေလိုက်တယ် တစ်ခုခုဆို ဘေးနားက အလွယ်တကူ စောင့်ရှောက်ပေးနိုင်တာပေါ့

"ဘာလဲ မင်းက သောက်ချင်လို့လား မသွားပဲ ရပ်နေတာ "

"မဟုတ်ပါဘူး အကိုလေး "

"မသောက်ချင်လည်း သောက်ရမယ်
လာဘေးနားလာထိုင်
ငါအသည်းကွဲနေတယ် ရင်ဖွင့်ရမယ့်လူလိုတယ် အေ့..."

လက်ကိုအတင်းဆွဲပြီး ထိုင်ဖို့ပြောနေတဲ့ အရက်သမားလေးကြောင့် လျန်မငြင်းဆန်ရဲ
သူလေးစိတ်တိုင်းကျ အကုန်လုပ်ပေးချင်တဲ့ စိတ်လေးရှိတဲ့ အပြင်
ဘယ်လက်အောက်ငယ်သားကိုမှ အကိုလေးက ခုလို အခွင့်ရေးမျိုး ပေးတာမမြင်ဖူးဘူး
သူက ကံကောင်းလွန်းတာ
ပိုပြီးကံကောင်း​တာက ကိုယ်တဖက်သတ်ချစ်ရသူရဲ့ အသည်းကွဲချိန်မှာ ဘေးနား အဖော်ပြုပေးနိုင်တာပဲ

ဆန်းဆန်းကြီး systemWhere stories live. Discover now