Arc 1.9

16.3K 1.8K 97
                                    

ရှောင်းကျန့်လေး တစ်ယောက် အားလုံးထဲမှာ အချောဆုံးဖြစ်အောင် အကျီ​ကောင်းကောင်းလေးဝတ်မယ်ဆိုပြီး ရွေးနေပေမယ့်
ကြင်ယာတော်ရှောင်းရဲ့ ဝတ်စုံအားလုံးဟာ ပုံတုံးများသာ ဖြစ်တဲ့ အပြင် အဖြူရောင်နဲ့ အပြာရောင်အများဆုံး ဖြစ်နေတယ်
ခက်တာက ရှောင်းကျန့်လေးက အနီရောင် နဲ့ အနက်ရောင်ကို သုံးရတာ အကြိုက်ဆုံးလေ
ပုံမှန်တိုင်းက ဘာဝတ်ဝတ်အဆင်ပြေတယ်ဆိုပေမယ့် ဒီလို​ကိုယ့်နေ့မျိုးမှာ အနီရောင်နဲ့ အနက်ရောင်ပါတဲ့ ပစ္စည်းများကိုသာ အသုံးပြုချင်သည်
Confidence Level က so high နေမှ ဖြစ်မှာမလား
ဒါကြောင့် အရှင် ပို့လိုက်တဲ့ အပျိုတော်တွေထဲက တစ်ယောက်ကိုမေးတော့လည်း နန်းတွင်းမှာ ဝတ်စုံချုပ်ဖို့က အမြန်ဆုံးဆိုရင်တောင် တစ်ရက်တော့ အချိန်ပေးရသည်တဲ့
ခက်သည် ဒီပုံတုံး​ဝတ်စုံဖျော့ဖျော့တွေကိုတော့ မဝတ်နိုင်
ဟုတ်သား မေ့နေလိုက်တာ systemရှိနေတာပဲ

*Xiao Paing *

*host တို့များ လိုအပ်လာရင် သတိရပြီ
ကျန်တဲ့အချိန်ဆို systemကို စိတ်ကူးထဲတောင်မရှိဘူး *

*အပိုစကားတွေမပြောနဲ့ သိရင်လည်း လိုအပ်တဲ့ ဝတ်စုံကို စီစဥ်ပေးလေ *

အဲ့လိုပဲ ကျမတို့ hostက systemကို နည်းနည်းလေးတောင်မျက်နှာသာမပေးဘူး
သူ့လူကြီးကျရင်​တော့ ပြုံးပြလိုက် ချစ်စရာကောင်းအောင်လုပ်လိုက်နဲ့
hostမတရားဘူး
ပိုပြီးမတရားတာက hostကို ယောက်ျားပေးစားချင်နေတဲ့ အထက်ကပဲ
Xiao Paingလေးကတော့ အရှခံနေရတဲ့ကြားထဲကိုက host အတွက် ဝတ်စုံစီစဥ်ပေးနေရတယ် hostအကြိုက် အနီရောင် ဝတ်စုံလေးပေါ့

*ကြိုက်ရဲ့လား host *

ရှောင်းကျန့် တောင်းဆိုပြီး သိပ်မကြာတဲ့ အချိန်မှာပဲ သူ့ရှေ့တည့်တည့်မှာပေါ်လာတဲ့ အနီရောင် ဝတ်စုံလေး
ပုံစံကရိုးရှင်းနေပေမယ့် ကြည့်လို့လှတယ်
အပေါ်က ရွှေရောင်ပန်းခတ်လေးတွေတပ်ထားပုံက မျက်စိမရှုပ်စေပဲ အနီရောင်ပေါ် မှာ တင့်တင့်တယ်တယ်လေး ဖြစ်နေစေသည်
ရှောင်းကျန့် ဝတ်စုံကို ဝတ်ကြည့်ပြီးတဲ့ အချိန် မှန်ထဲက သူ့ပုံကို သူကြည့်ပြီး အကြိမ်ကြိမ်ကြွေနေမိတာ
ဝတ်စုံ​က တစ်ခုလုံးအနီရောင်ဆိုပေမယ့် ဝတ်လိုက်တဲ့ အချိန် သူ့ရဲ့ သေးသွယ်တဲ့ ခါးလေးကို ပိုပြီး ပေါ်လွင်စေတာက တစ်မျိုးကြည့်လို့ကောင်းနေပြန်​သည်

ဆန်းဆန်းကြီး systemWhere stories live. Discover now