Chapter 1. 1

22.3K 1.8K 91
                                    

"After break up I Got married''

[Unicode]

    ဒီနေ့မှာ ဆိုရင် ဖြင့် နိုင်ငံတော် က လိင်တူ လက်ထပ် ခြင်းကို တရားဝင် ခွင့်ပြု လိုက်ပြီ ဖြစ်ကြောင်းကို ထုတ်ပြန်ခဲ့လေတယ်။ ဒီ အကြောင်းကြောင့်ပဲ ဂေးဘားတွေ မှာ လူတွေ ပြည့်ညပ် နေပြီးတော့ ဖျော်ရည်ယမကာ တွေ ကိုသောက်သုံးနေ ကြပြီး ပျော်ရွှင်စွာ အော်ဟစ် အောင်ပွဲ ခံနေ ကြလေတယ်။ ကျော်ကြားတဲ့ ကောင်လေး တွေ နဲ့ မြို့တော် A မှာ ရှိတဲ့ ကောင်လေး တွေ ကလဲ ဒီ အချိန် မှာ ပျော်ရွှင်နေ ကြတယ်။

" ဟေး! မင်း တို့မှာ ချစ်ရတဲ့ လူရှိရင် မနက်ဖြန် မြို့တော် တရားရုံးမှာ သွား ပြီး လက်ထပ် မှတ်ပုံတင် လို့ ရပြီနော်!''

   လူစု လူဝေး ကြီးထဲ က ဘယ်သူမှန်း မသိတဲ့ လူတစ်ယောက် ပြော လိုက်တဲ့ စကား က ဘားတစ်ခု လုံး ကို ဆူညံသွား စေတယ်။

" ဟုတ်တယ်... လက်ထပ် မှတ်ပုံ တင်ကြ...လက်ထပ် မှတ်ပုံတင်ကြ....လက်ထပ် မှတ်ပုံ တင်ကြကွာ..''

  ဒါက သိပ်ပြီး အရေး ကြီးတဲ့ စကားစု မဟုတ်သေး ပါဘူး။ ဒါကြောင့်မို့ တစ်ချို့ ငြိမ်နေတဲ့ လူတွေ က ဘာကိုမှ သိပ်တွေး မနေပဲ ဆူညံနေတဲ့ သူတို့ကို သာ ကြည့်နေပြီး ရယ်နေ ခဲ့ကြတယ်။ ဒါပေမယ့် ဒီအချိန်မှာပဲ ဒုတိယ အထပ်ကနေ ဘဲလ် သံတစ်ခု ထွက် လာခဲ့တယ်။

" ဘယ်သူ ကများ မနက်ဖြန် မြို့တော် တရားရုံး ကို သွား ပြီး လက်ထပ် မှတ်ပုံ တင်ရဲလဲ? တင်ရဲ တဲ့ လူကို ဒီက သခင်လေး က ယွမ် ၁သောင်း ပေး မယ်ကွ! ငွေသား ချည်းပဲနော်!!!''

   ဒီစကား ထွက်လာ  ပြီးမှပဲ အကုန်လုံး  ဆူညံပွတ်လော ရိုက်သွား ကြတယ်။

" အိုး.....ပြည်တွင်း အနိုင်ကျင့်သူကြီးတွေ...ပေါ်လာကုန်ပြီဟေ့...''

[ပြည်တွင်းအနိုင်ကျင့်သူ = Local Tyrant]

   ယွမ် ၁ သောင်း ဆိုတာ က များတဲ့ ပိုက်ဆံတော့ မဟုတ်ပေမယ့် ဒီလိုမျိုး စကား ကို ပြောထွက် လာနိုင်စေ ဖို့ အတွက် တော့ လုံလောက်တဲ့ ငွေ ပမာဏ ဖြစ်နေဆဲပါပဲ။ ခါတိုင်း ဒီလို အပျော် အပျက် ကိစ္စ ထဲ ကို ဝင်ပါလေ့ မရှိတဲ့ ကျန်းရှုတောင် ဒုတိယ အလွှာကို  သတိထား ပြီး လှမ်းကြည့် မိလိုက်တယ်။ အဲ့နေရာမှာ လူအများကြီး ရှိနေလေတော့ ဘယ်သူက စိန်ခေါ် လိုက်မှန်း မသိ လိုက်ရတာကတော့ နှမျောဖို့ ကောင်းတယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now