Chapter (26.1)

3.2K 408 1
                                    

[Unicode] (26.1)

{ကိုယ်မင်းကို နောက်ကျရင်  သင်ပေးမယ် }

ရှုပေါ်စု က ဖုန်းတစ်ဖက်ကနေ ပြောလိုက် တယ်။ တကယ်လို့ သူတို့မှာ အကွာအဝေး ဆိုတဲ့ဟာကြီးသာ ခြားမနေရင် အခုဆိုသူ့ ဇနီးခေါင်းလေးကို သူက ချစ်ခြင်း အပြည့် နဲ့ပွတ်သပ်ပေးအုံးမှာ။

{ တမင်သက်သက် ကြီးမပြောနေစမ်းပါနဲ့ ။ အရမ်းကို ကို့ယို့ကားယားနိုင်တယ်။ }

ကျန်းရှုက ထ ထိုင်လိုက် ပြီးတော့ ကိုယ်အနေအထားကို ပြင်လိုက််တယ်။

{ တစ်ခုခု ပြောအုံး လေ။ မဟုတ် ရင်လည်း ကျွန်တော် ဖုန်းချလိုက်တော့မယ် အိုကေလား?}

{ အိုကေဗျာ}

ရှုပေါ်စုက အချိန်ကို လှမ်းပြီးကြည့်လိုက်တယ်။

{ မင်းအခု ဘာလုပ်မှာလဲ? မင်းအနားယူတဲ့ နေရာမှာလား?}

{ ခများဘာကို ပြောချင်တာ လည်း?}

ကျန်းရှုက မေးလိုက် တယ်။

{ ကားဝယ် ရဖို့က အရမ်းကို အရေးကြီးနေပြီရယ် }

ရှုပေါ်စုက ပြောလိုက် တယ်။

{ အော ... အဲ့လိုဆိုရင် ခများက ကျွန်တော့်ကို အမြဲတမ်း လိုက်ပို့ပြီး လိုက်ကြိုမယ်ပေါ့လေ?}

ကျန်းရှုက သူ့ကို ပြောလေတယ်။

{ ဝိုး အကိုရှုရာ ခများက အရမ်းအံ့သြစရာ ကောင်းလိုက်တာ ဗျာ}

{ မင်းလေးက အမျိုးသား တစ်ယောက် မဖြစ်ချင်ရင်လည်း မလုပ်ပဲနေလို့ရတယ်လေကွာ}

ရှုပေါ်စုက ကျန်းရှုရဲ့ အသံဖျော့ဖျော့လေးကို ကြားလိုက်ရတဲ့အခါ ပြုံးမိလိုက်တယ်။

{ အိုကေဗျာ ။ မင်းလေး က ခုံပေါ် မှာလှဲ ပြီးတော့ အနားယူလိုက် တော့လေ။ ပြီးတော့ ကိုယ်က မင်းကို ခိုးကြည့်မယ်လေ }

{ ကြိုက်သလိုသာလုပ် }

ကျန်းရှုက ပျင်းရိစွာ ပြောလိုက် တယ်။

{ အနားယူခန်းထဲကို ပြန်မသွားဘူးလား?}

{ မသွားဘူး }

ရှုပေါ်စုက သူ့ကိုပြောလိုက်တယ်။

{ ကိုယ်က မင်းကို ရုံးခန်းထဲမှာ ခေါ်နေတာရယ်}

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now