Chapter (9.1)

5.4K 800 16
                                    

{Unicode }(9.1)

အတိတ်တုံးက ဆိုရင်တော့ ကျန်းရှုဟာ သူ့ကို ဒေါသ ထွက်ပြီးတော့ တစ်ခြား အကြောင်း အရာ တစ်ခု အတွက် သူ့ကို ပုန်ကန် လိမ့်မယ်။ ကျန်းရှုက သူ့ကိုယ်ဆို ဘယ်တော့မှ စဥ်းစားပေး မှာ မဟုတ်သလို သူ့စကား တွေကိုလည်း နာခံမှာ မဟုတ် လေဘူး။

ဒါမျိုးကမှ မှန်တာလေ။

ကျန်းရှုက သူ့အပေါ် ရုတ်တရက်ကြီး တွေးပေးလာတော့ ကျန်းချုနမ် ခမျာ မခံစား တက်တော့ဘူး။ ဘာလို့လဲ ဆိုတော့ သူ့သားက တစ်ခုခု မူမမှန် ဘူးဆိုတာကို သူခံစားမိခဲ့ လို့ပဲ ဖြစ်လေတယ်။

တစ်လ ခွဲအကြာမှ သူတို့ ပြန်တွေ့ရ ပေမယ့် ကျန်းရှုက သူနဲ့ တွေ့ဆုံ ဖို့ ဆိုရင် အရင်ကလောက် စိတ်အား ထက်သန်မှု မရှိတော့ သလို မရင်းနှီး တော့ဘူးလို့ ခံစားနေရတယ်။ သူတို့ကြားမှာ အကွာအဝေး တစ်ခု ကွာခြားလာတယ်။

အစတုံးကတော့ ဒီလိုမျိုး ဖြစ်တာကို ကျန်းချူနမ် မြင်ချင်မိ ခဲ့တယ်။ ထင်ပေါ် ကျော်ကြားတဲ့ အနုပညာ ရှင် တစ်ယောက် အနေနဲ့ သူဟာ ကျန်းရှုနဲ့ အချိန်တွေ အများကြီး မကုန်ဆုံးပေး နိုင်သလို ကျန်းရှုကိုလည်း လူတွေရှေ့ ဒါဟာ သူ့ကလေးပါ ဆိုပြီး ချမပြချင်လေဘူး။

ဒါပေမယ့် တစ်နေ့တော့ ကျန်းရှုက သူ့ကို မလိုအပ်တော့မှန်း သိလိုက်ရ တော့ သူ့ဆီက တစ်စုံတစ်ရာပျောက် ဆုံးသွားတယ်လို့ ခံစားလိုက်ရတယ်။ တစ်ခြားပြောရရင် ကျန်းရှုက သူ့ကို လာပြီး အာရုံနောက်နေတာက ပိုကောင်း တယ်လေ။

" ဒီနေ့ မင်းဖုန်းထဲ မှာပြောတာက ဘာကိုဆိုလို ချင်တာလဲ? "

ကျန်းချုနမ်က မေးလိုက် တယ်။

" ငါ့ရဲ့ ကျန်တဲ့ ကလေးကို ပေးလိုက် ပါဆိုတာက ဘာသဘောလဲ ။ ငါ့မှာ နောက်ထပ်ကလေး မရှိလာနိုင်ဘူး ''

ထိုအကြောင်းကို သူ့ဇနီး ကွမ်ပိုင်ယု နဲ့ လက်မထပ်ခင် ကတည်းက ပြောခဲ့တာပဲ ဖြစ်တယ်။

" အို ''

ကျန်းရှုက သူ့ ပါးစပ်လေးကို အသာဖွင့်ကာ အေးဆေး စွာကြည့်လိုက်တယ်။

" ခများ အဲ့တာကို ဘယ်သူ့ကို ပဲပေးပါစေ ကျွန်တော် စိတ်မဝင်စား ဘူး။ ပြီးတော့လဲ ကျွန်တော်မှ မလိုအပ်တော့ တာလေ။ ကျွန်တော်က ငွေဖြုန်းတက်တဲ့ လူမျိုးမဟုတ် ဘူးဆိုတာကိုလဲ သိနေတာပဲ မဟုတ်လား။ ဒါ့ကြောင့် တကယ်လို့ ခများရဲ့ ငွေတွေကို ပေးစရာ နေရာမရှိရင် အဲ့တာတွေကို လှူပစ်လိုက်လေ။ ''

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now