Extra (1.2)

3.8K 419 4
                                    

[Unicode] (1.2)

" မင်းလေးက ကိုယ့်ကို လုပ်သလိုမျိုး မင်းသားကလည်း ကိုယ့်ကို လုပ်နေပြန်ပြီ''

ရှုပေါ်စုက သူ့မျက်နှာ ပေါ်တင်ထားတဲ့ သူ့သားရဲ့ခြေထောက်တွေကို ဖယ်လိုက်တယ်။

" ဒါဆိုလည်း ခများ မြန်မြန်ထတော့လေဗျာ။ မဟုတ်ရင် ကျွန်တော့်သားက ခများမျက်နှာပေါ်ကို ခြေထောက်ထပ်တင် နေအုံးမှာပဲ''

ရှုပေါ်စုက သူ့သားရဲ့ ခေါင်းကို အမြန်ပဲ သာသာလေးခေါက်ကာ ပြောလိုက် တယ်။

" ဘယ်လိုတွေတောင် ဆိုးသွမ်းပြီး ချစ်ဖို့ကောင်းနေရတာလဲ''

ထိုဟာကို တွေးမိတဲ့ ကျန်းရှုကတော့ သူ့အတွေးထဲမှာတင် ရယ်မောနေပေမယ့် ရုပ်တည်ကြီးနဲ့ ပြောလိုက် တယ်။

" စတော်ဘယ်ရီ အသေးလေးက နောက်တစ်နှစ်ဆို အရွယ်ကြီးလာတော့မှာ အဲ့ကျရင်အကျင့်တွေက အဖေဖြစ်တဲ့ခများနဲ့ ပိုတူလာမှာပါ''

ရှုပေါ်စု: ''အာ....ဒါဆို မိန်းမချစ်တက်တဲ့ မျိုးရိုးက ဆက်လက်တည်တံ့နေအုံးမှာပေါ့လေ''

ကျန်းရှု: ''ဟားဟား ဟား''

ရှုပေါ်စု သူ့သားလေးကို အရုပ်လေးနဲ့ ဆော့ပေးပြီးတော့ ချော့လိုက်တယ်။

" သားလေး စတော်ဘယ်ရီအသေးလေး ရေ မင်းတော့အိပ်ယာထဲသွားပြီး အိပ်လိုက်တော့။ မင်းရဲ့ဖေဖေက အဖေ့ကို အဝါရောင်စကားတွေပြောနေပြီကွ''

( အဝါရောင် = ညစ်ညမ်းစာပေ)

" ကျွန်တော် ဘယ်တုံးက ပြောလို့လဲ အခုချက်ချင်း ခများကြီး ပါးစပ်ပိတ်''

ကျန်းရှုက ရှုပေါ်စုကို လက်ညှိုးထိုးပြီးတော့ ကြိမ်းမောင်းလိုက်တယ်။

ကျန်းရှုကို ကြည့်မယ်ဆိုရင်တော့ မျက်နှာမှာ အရှက်ရနေတာကိုတွေ့ရမှာ ဖြစ်ပြီးတော့ သူ့သားလေးကိုလက်မောင်း ထဲမှာတင်းကြပ်စွာပွေ့ထားတာကို တွေ့ရမှာပဲ ဖြစ်တယ်။ ထိုမြင်ကွင်း က ရှုပေါ်စု ရဲ့ ရင်ထဲကို ကြီးကြီးမားမား ရိုက်ခတ်သွားနိုင်ခဲ့တယ်။ သူအခုချက်ချင်းပဲ သူ့ဇနီးလေးကို တစ်ခုခုလုပ်လိုက် ချင်ပေမယ့် တကယ်တော့ဘာမှမလုပ်ရဲခဲ့ပေ။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now