Chapter (24.2)

3.9K 465 5
                                    

{Unicode }(24.2)

ဒါပေမယ့်လဲ ကျန်းရှုက ထိုအရာတွေကို သုံးဖို့ရာ မစဥ်းစား ခဲ့သလို သုံးလဲ မသုံးထားခဲ့ပါဘူး။ သူက သူ့ကိုယ်သူ လေးစားတန်ဖိုးထားမှုကို တော့ကျန်ရှိနေစေချင်တာ ကြောင့် သူလိုချင်တဲ့ အရာကို သူ့ဘာသာသူ ဝယ်နိုင်အောင်ပဲ လုပ်လိုခဲ့တယ်။

တစ်ခြား ပြောရရင် ကွာ အခုချိန်မှာ သူသုံးနိုင်တယ်ဆိုတာက ကျန်းချူနမ်ရဲ့ သားဖြစ်နေလို့ပဲ။ ကျန်းရှု ဆိုတဲ့ ဖြစ်တည်မှု ကြောင့် မဟုတ် လို့ပဲဖြစ်တယ်။

အခုလို အခြေအနေ မျိုးမှာတော့ ဒီလိုမျိုး ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုက အတော့်ကို ရူးမိုက်တယ်လို့ပဲ ပြောရမလားပဲ။

"လုခယ်လေ မင်းသူ့ကို မှတ်မိလား? "

ရှုပေါ်စုက မေးလိုက်တယ်။

" သူနဲ့ ဖေးကျီးတို့က ဒီအိမ်ကို စနေနေ့ကျရင်လာလည်မယ်တဲ့လေ။ သူတို့ကို ကိုယ်တို့ က အိမ်မှာ  ထမင်းတစ်နပ်လောက်ကျွေးရုံပါပဲ။ ပြီးတော့ တနင်္ဂနွေ နေ့ကျရင်တော့ ကိုယ်တို့ ကားသွား ဝယ်ကြရအောင်လေ''

" ကျွန်တော်တို့?''

ကျန်းရှုရဲ့ ခေါင်းထဲမှာ ပြည့်ကျပ်သွားတယ်။ ပြီးတော့ တစ်ခုခု မှားနေမှန်း သူသိပေမယ့် ဘယ်အရာက မှားနေမှန်း သူမသိလေဘူး။

" မဖြစ်နိုင်ဘူး လား?''

ရှုပေါ်စုက မေးလိုက် တယ်။

" သူတို့၂ ယောက်ကို ကိုယ်တို့တွေ အတူတူနေကြပြီ ဆိုတာကိုလည်း မသိစေချင်ဘူးလားဟင်?''

" ဒီလိုပါပဲ.... အဟမ်း?  သူတို့က မသိကြဘူး လား?''

ကျန်းရှုက မေးလိုက် တယ်။

" ကိုယ်သိပါပြီ''

ရှုပေါ်စုက ပြောလိုက် တယ်။

ကျန်းရှု တစ်ယောက် သူ့ရဲ့ မျက်လုံးကို လှိမ့်လိုက်ပြီးတော့ ပြောလိုက် တယ်။

" ဘာပဲ ဖြစ်ဖြစ် လေ။ သူတို့က ကျွန်တော့် သူငယ်ချင်း တွေမှမဟုတ်တာလေ''

မီးဖိုချောင်ထဲမှာတော့ တိတ်ဆိတ်နေ မှုကြီးက ကြီးစိုးသွားလေတယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now