Chapter (31.2)

2.6K 382 0
                                    

[Unicode] (31. 2)

ရှုပေါ်စုက ယုံကြည်မှု အပြည့်နဲ့ ယွမ်၃သိန်းကျော်တန် ကားလေးကို မောင်းကာ  ယွမ်မီလီယံတန်တဲ့ sport ကားတွေကြားမှာ ဖြတ်မောင်းသွားလေတယ်။

သူ့ကို သိတဲ့လူတွေ ကတော့ဒီအကြောင်းကို သိရင်အတော်လေး ဝမမ်းနည်းသွားကြမှာပဲ။ ထိတွေ့လိုမရနိုင်တဲ့ သူကြီးက အခုလိုအခြေအနေထိ ကျဆင်း သွားတာမလို့လေ။ ဒါပေမယ့် ကျန်းရှုရဲ့ အမြင်ထဲမှာတော့ ထိုလူဟာတစ်ခြားသူတွေထက်ကို ပိုကြီးမြတ်နေလေတယ်။

အနည်းဆုံးတော့ ရုပ်ပိုင်း ဆိုင်ရာနဲ့ လှပချောမောတဲ့ ရုပ်ရည်လေးပိုင်ထား သေးတာပဲလေ။

နေ့လည်စာ စားပြီးတဲ့နောက် ကျန်းရှုက ရှုပေါ်စု ရဲ့ နားနေခန်းကို တရေးအိပ်ဖို့ လိုက်သွား လေတယ်။

သူနောက်ဆုံးအကြိမ် လာလည်တုံးက အကြောင်းကိုမှတ်မိနေတုံးပဲ။ ၂ ယောက်စလုံးက အရမ်းကို ရှုပ်ထွေးပွေလီ နေခဲ့ပြီးတော့ ရေခဲမုန့်တွေနဲ့တောင် သူတို့အနမ်းတွေကို လုပ်ခဲ့ကြသေးတယ် လေ။

" ရေခဲမုန့်တွေ အများကြီးစားတာ မကောင်းဘူး။ တစ်ခါတစ်လေ မှစားလေ။''

ကျန်းရှု: ''  သိပြီ "

ထိုအချိန်တွင် ကျန်းရှု က သူ့ကိုအရှက်မရှိ စည်းကမ်းချ ရဲတဲ့လူကြီးကို ကြည့်လိုက်တယ်။

" ကိုယ်က တစ်ချို့အကြောင်းတွေ စဥ်းစားနေတာ..... ''

ရှုပေါ်စုက သူ့လက်ကို အောက် ခံထားပြီး တော့အပေါ်ကနေ ခေါင်းတင်ကာ လှဲနေတယ်။

" တကယ်လို့ မင်းသာ ကိုယ်နဲ့အတူ အလုပ်မှာ နေ့တိုင်း အဖော်ပြုပေးရင်....''

" တစိတ်လောက် ခများရဲ့ ဘော့စ်က ခများကို ချက်ချင်း အလုပ်ဖြုတ် ပစ်လိုက်လိမ့်မယ် "

ကျန်းရှုက ခံစားချက် မရှိတဲ့စက်တစ်ခုလို သူ့ကိုသတိပေးလိုက်တယ်။

" ဒါဆိုရင် ကျွန်တော်တို့ ၂ ယောက်အတူတူ အလုပ်လက်မဲ့ ဖြစ်သွားလိမ့်မယ် "

" မင်း​ပြောတာမှန်တယ် "

ရှုပေါ်စု က သက်ပြင်းချ တယ် ။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now