Chapter (10.1)

5.5K 781 2
                                    

{Unicode }(10.1)

ည ၉ နာရီအချိန် ရှုမိသားစု ရဲ့ စာကြည့်ခန်း ထဲမှာ ရှုယုချင်က ပိုးသား ဘောင်းဘီ ရှည်ကို ဝတ်ဆင် ထား ပြီးတော့ သူမရဲ့အဖေ ဖြစ်သူ ရှုထင်းရှောင် ဆီကို လာကာ  စကားပြော ခဲ့လေတယ်။

" ကျွန်မ ဒီနေ့ မောင်လေးကို ဖုန်းခေါ် ခဲ့သေးတယ်။ ''

ရှုထင်းရှောင် က ခုံမှာ စာဖက်နေရာ ကနေ ခေါင်းကို မော့ကာ ကြည့်လာတယ်။

" အာ....  မင်းမောင်လေး ကိုရှာ ခဲ့သေးတာလား?  သူက ဘာတဲ့လဲ? "

ရှုယုချင် က သူမအဖေရဲ့ ထိုပုံစံကို တွေ့လိုက် ရတော့ အပြစ်တင် မယ့်စကား တွေကိုတောင် ပြန်မျိုချ မိသွားလေတယ်။

" မနေ့က သူက သမီးကို အကုန်ပြော ပြခဲ့တာ။ သမီးကလည်း ပေါ်စုလေး က ယောကျာ်း လေးတွေကို ကြိုက်တာ ဘာမှ မမှား ဘူးလို့ပဲ ထင်တယ်။ ''

" မင်းက သူ့အတွက် ဆွယ်ပေး ဖို့ရောက်လာတဲ့ သူပေါ့လေ? ဟုတ်တယ် မလား? "

ရှုထင်းရှောင် က သူ့ရဲ့ သမီးကြီးကို မေတ္တာ ပြည့်ဝ နေတဲ့ မျက်လုံး တွေ နဲ့ကြည့်ကာ ပြောလိုက် တယ်။

" ချင်ချင်။ မိန်းကလေး တွေက ယောကျာ်း လေးတွေ နဲ့ အမြဲတမ်း ကွဲပြားနေတာ။ မင်းက ဒီလို ခေါင်းမာမှုတွေ လုပ်လို့ ရပေမယ့်  မင်းရဲ့မောင်လေး ကတော့ ဒီလို လုပ်လို့ မရဘူးလေ။ ''

သူတို့ ရှုမိသားစု ရဲ့ ခေါင်းဆောင် အိုကြီးက ပေါ်စု ဟာ သူ့မျိုးဆက်ထဲက တစ်ဦးတည်း သော မြေးယောကျာ်း လေးမို့ အလွန်အရေးပေးကာ ရှုထင်းရှောင် တောင်မှ သူ့ရဲ့သားကို မိသားစု အမွေဆက်ခံ သူအဖြစ် လေးစားရလေတယ်။ သူ့ရဲ့ သမီး ဖြစ်သူ အတွက်ကတော့ သူ့သမီးလေး ပျော်နေရင် ပြီးပါပြီလေ လို့တွေးထား တဲ့သူ တစ်ယောပါ။

" အဖေတို့က အမြင်အရမ်း ကျဥ်းမြောင်းတာပဲ။ အမျိုးသားတွေ နဲ့အမျိုး သမီးတွေက အကုန်လုံး တန်းတူတွေ ပါပဲ။ ပြီးတော့ သူတို့ လိုချင်တဲ့ သူကို ရွေးချယ်ဖို့ သူတို့မှာ အခွင့်အရေး ရှိသင့်တယ်လေ''

ရှုယုချင် ကပြောလိုက်တယ်။ သူမဟာ အနောက်တိုင်း ပညာရေး စနစ်နဲ့ ကြီးပျင်းလာတဲ့ လူတစ်ယောက် ပဲ ဖြစ်တယ်။ ဒါ့ကြောင့် သူမမောင်လေး အတွက် ထိုအရာက မမျှတ ဘူးလို့ ခံစား မိတာပဲ ဖြစ်တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now