[Unicode] (29.1)" ဒါဆို မင်းရဲ့ အဖေက ကျန်းချူနမ် ပေါ့။ ဘယ် ကျန်းချုနမ် လဲ?''
လုခယ်ရဲ့စိတ်ထဲမှာ လူတစ်ယောက် ပေါ်လာပေမယ့်လည်း ထိုအရာက မဖြစ်နိုင်တာကြောင့် ပယ်ချလိုက်တယ်။
ကျန်းချူနမ် ဆိုတာက လုခယ်တို့ မူလတန်း မတက်ခင်ကတည်းက အရမ်းကျော်ကြားနေတဲ့ အဆိုတော် တစ်ယောက် ပါ ။ ပြောရရင် သူတို့မျိုးဆက်က ကလေးတွေအကုန်လုံး ကျန်းချူနမ်ရဲ့ သီချင်း တွေကိုနား မထောင်ဘူး တဲ့သူဆိုတာ မရှိလေဘူး ။ ပြီးတော့ အထူးသဖြင့် သူတို့ ဆယ်ကျော်သက် အရွယ်ရောက်လာတော့ ပိုပြီး ကျန်းချုနမ် ရဲ့ သီချင်း တွေကို ကြိုက်လာကြတယ်။
ရှန်ဖေးကျီး က ထိုအချိန် မှာပဲ စကားဝိုင်းထဲကို ဝင်ကာပြောလာတယ်။
" ကျန်းချူနမ်လို့ ခေါ်တာ ဘယ်နှယောက်များ ရှိလို့ လဲ? "
" ဟုတ်ပ''
လုခယ်နဲ့ ရှုပေါ်စု တို့ ၂ယောက် လုံးက ကျန်းရှုကို စိတ်ရှုပ် ထွေးနေတဲ့ အကြည့်တွေနဲ့ကြည့်လိုက်တယ်။ ထိုတုန်လှုပ်စရာ ကောင်းတဲ့သတင်းဟာ ကျန်းရှုတစ်ယောက် ထောက်ခံလိုက်တဲ့နောက်တော့ ရှုပေါ်စု အပေါ်ကို သက်ရောက် လာခဲ့တယ်။
" ဒါဆို သူက မင်းအဖေ ပေါ့လေ? "
လုခယ်ရဲ့ အမေးစကားကို ကျန်းရှုအစား ရှုပေါ်စုက ခေါင်းငြိမ့်ပြလိုက်တယ်။ ကျန်းရှုက သူ့ကို ခေါ်ပြီး အိမ်ပြန် ကာ အိမ်ထောင်စု စာရင်းစာအုပ်ကိုယူတုံးက နံရံပေါ်မှာ ကျန်းချူနမ် ရဲ့ပုံကို ချိတ်ထားတာ တွေ့လိုက်ရတယ်။ အဲ့တုံးက ကျန်းရှုဟာ စတားတွေနောက်ကိုလိုက်တဲ့ ကောင်ငယ်လေးလို့ သူထင်မိသွားခဲ့တယ်။ ဒါပေမယ့် ကျန်းချူနမ် က ကောင်လေးရဲ့ အဖေ ဖြစ်နေမယ် ဆိုတာကိုတော့ သူမတွေးမိခဲ့ ပါပေ။
"ခများတို့ အားလုံးက ယုံတာလား? "
ကျန်းရှုက မယုံသင်္ကာနဲ့ မေးလိုက် တယ်။ ဘာလို့ အဲ့လိုမေးတာလဲ ဆိုတော့ ပထမတစ်ချက် သူက ကျန်းချုနမ် နဲ့ လုံးဝမတူပါဘူး။ ဒုတိယတစ်ချက်ကတော့ ကျန်းချူနမ် ဟာအများပြည်သူ ရှေ့မှာ ဒီလောက်ကြီးနေပြီ ဖြစ်တဲ့သားတစ်ယာက် ရှိမှန်း တစ်ခါမှ မဖွင့်ဟ ခဲ့ဘူးပါဘူး။ တတိယ အချက်ကတော့ ကျော်ကြားတဲ့ စူပါစတား တစ်ယောက် ရဲ့သားဖြစ်သူက ဒီလိုမျိုးနေထိုင်တယ် ဆိုတာကြောင့် ပေါ့။

STAI LEGGENDO
[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)
Storie d'amore'' after break-up i got married'' (လမ်းခွဲ ပြီးတဲ့နောက် ငါလက်ထပ် ပစ်လိုက်တယ်) Original Author - Qianfeng Yihe E-translator - Rezioj27 Status in COO - 42 chapters+ 2 Extra ဒီဟာလေးကတော့ ဆွဲဆောင်မှု ရှိလွန်းတဲ့ ရှို့(shou) လေးဟာ သူ့ရဲ့ မကောင်းတဲ့ ex...