Chapter (39.3)

3.2K 461 6
                                    

[Unicode] (39.3)

ကျန်းရှုတစ်ယောက် ရှုပေါ်စု စကားပြောနေတာကို နားထောင်ရင်း နဲ့ တွေးမိတာက ဘဝဆိုတာ တစ်ချိန်တည်း မှာပဲ တက်လိုက်ကျလိုက် ၊ ကောင်း လိုက်ဆိုးလိုက် ဖြစ်နေခဲ့ပြီးတော့ ကြုံလာတဲ့ အတွေ့အကြုံတွေကို ပိုပြီးတော့ သုံးသပ်ရတယ်။ ပြီးတော့ ဘဝမှာ တက်နိုင်သမျှလိုက်လျော ညီထွေစွာနေရမယ်လို့ပေါ့လေ။ နေရာတိုင်း ကို သက်ဆိုင် တဲ့လူတိုင်းက ဝင်ဆံ့ဖို့ ကြိုးစားနေကြရတာပဲလေ။

" စကားပြောတာ ရပ်ပြီးတော့ အဖွား ကိုသွားတွေ့လိုက်အုံး။ ''

စကားတွေအများကြီး နားထောင်ပြီးမတွေးတွေ အများကြီး တွေးမိသွားတဲ့ ကျန်းရှုက သူ့ရဲ့ ကစားခြင်းကို ငြိမ်ခံနေတဲ့ထိုလူအား လက်ချောင်းလေးတွေနဲ့ တွန်းထုတ်လိုက်တယ်။

" ခများ အိမ်မှာမရှိတာ အတော်ကြာနေပြီမလား။ ဒါကြောင့် အဖွားကို သွားပြီးစကားပြောပေး လိုက်အုံးလေ''

" ကောင်းပါပြီ''

ရှုပေါ်စု က ခေါင်းငြိမ့်ပြ လိုက်တယ်။

" ကိုယ့်အဖွားက အယ်ဇိုင်းမား ရောဂါသည်လေ။ ပြီးတော့ သူမက လူတိုင်း ကိုသာမေ့သွား ခဲ့ပေမယ့် ကိုယ့်ကိုတော့မှတ်မိနေခဲ့တယ်လေ။ ''

" ခများက ကျွန်တော် ကိုပြောပြတာထက် ပိုကြွားနေတာမဟုတ်လား ''

ကျန်းရှုက စိတ်ဆိုးစွာ နဲ့ပြောလိုက်တယ်။

ဒါက အဖိုးအဖွားရှိတယ် ဆိုတာရဲ့ခံစားချက် မျိုးပေါ့လေ။ သူက ဘယ်တုံးကမှအဲ့ခံစားချက်မျိုး မရခဲ့ ဖူးဘူး။ နောက်တော့ ကျန်းချူနမ် အကြောင်း စဥ်းစား မိသွားတဲ့အခါ ပိုလို့တောင်စိတ်ဆိုး သွားတယ်။

" ဟူး ''

ကျန်းရှုက သက်ပြင်းချ လိုက်တယ်။ ရှုပေါ်စု ကတော့အခန်းတံခါး ကိုအသာပိတ်ကာ သူ့အဖွားအခန်းထဲကို သွားလိုက်တယ်။ သူ့အဖွားရဲ့ အခန်းထဲမှာတော့ သူ့ရဲ့မိဘတွေရှိနေကြ လေတယ်။  သူတို့က ရှုပေါ်စု ရောက်လာတာကိုတွေ့ တော့ထိုင်ဖို့နေရာ ဖယ်ပေးကာ အဖွားကိုပြောလိုက်တယ်။

" ပေါ်စု က အိမ်ကို ပြန်လာပြီလေ''

ထိုစကားကို ကြားလိုက်တော့ အဖွားအိုက အရမ်းတုန်လှုပ်သွားတာကြောင့် ရှုပေါ်စုက သူမလက်ကို အမြန်ထိန်းကိုင်လိုက်တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now