Extra 1

3.5K 396 1
                                    

[Unicode]  (Extra 1)

စတော်ဘယ်ရီ အသေးလေး မွေးပြီးသွားတဲ့အခါ မှာတော့ အဖေ၂ ယောက်ဟာ ဆိုရင်ဖြင့် သူတို့ရဲ့ လက်တွေကိုတောင် ထိတာနည်းသွား ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျန်းရှုက ကလေးမွေးထားတာကြောင့် ဒဏ်ရာကိုပြုစုပြီးပြန်ကောင်းလာဖို့ ပြန်လည်ထူထောင်ရေး လုပ်ရမှာကြောင့်ပဲ ဖြစ်တယ်။ ဒါကြောင့်မို့ ရှုပေါ်စုကလည်း ကျန်းရှုနဲ့ အတူတူ ပြန်လည်ထူထောင်ရေး လုပ်ပေးနေခဲ့တယ်။

ဒါကြောင့် မေမေရှုနဲ့ အန်တီလေး (အမရှု) တို့ခမျာ အိမ်မှာနေပြီးတော့ ရှုစတော်ဘယ်ရီလေးကို ပြုစုပေးနေရလေတယ်။

ရှုပေါ်စုက တစ်ခါတစ်လေ တော့ ကျန်းရှုကို ဖက်လေ့ရှိတယ်။ နေ့အချိန်မှာတော့ ပွေ့ဖက်နမ်းရှိုက်နေပေမယ့် ညကျရင်တော့ ရှုပေါ်စုက ဘာမှကိုမလုပ်ရဲတော့ပေ။

ကျန်းရှု ခမျာ ကလေးမွေးပြီး ၃ လ လုံးလုံး အပြင်ကမ္ဘာကြီးကို မမြင်ရခဲ့ပေ။ ဆေးရုံကိုသွားပြီးတော့ ဆေးစစ်ချက် သွားယူတဲ့တစ်ချိန်ကလွဲရင် ရှုစတော်ဘယ်ရီအသေးလေး အပြင်ထွက်ရင်တောင် ကျန်းရှုမပါခဲ့ပေ။

၃ လ ကြာပြီးတဲ့နောက်တော့ ဗိုက်ခွဲ ထားတဲ့ဒဏ်ရာက ပြန်ကောင်းသွားခဲ့တယ်။ သာမန်လူတွေလိုပဲ လှုပ်ရှားမှုတွေ လွတ်လွတ်လပ်လပ် လုပ်လို့ရပြီပဲ ဖြစ်တယ်။ ဆေးရုံကိုနောက်ဆုံး ဆေးစစ်ချက် သွားယူတဲ့အခါ ဆရာဝန်ကသူတို့ကို ပြောခဲ့တယ် ။

" မင်းတို့ အနေနဲ့ အိမ်ထောင်သည် တွေကြားက ကိစ္စတွေ လုပ်လို့ရပါပြီ။ ဒါပေမယ့် သန္ဓေတားဆေး တစ်ချို့ သောက်ဖို့တော့ လိုမယ်နော့်''

( ဆရာဝန်သည် အချဥ်မဟုတ်ပါ🤣)

သူတို့ ၂ ယောက် က ဆရာဝန်ပြောတာကို လုံးဝအလေးအနက် မှတ်မနေတော့ပေ။ အိမ်ကိုပြန်လာတဲ့ အခါမှာတော့ ၂ ယောက်လုံးက နှလုံးရှင်းရှင်း နဲ့ အပူချိန်နိမ့်နိမ့်ပဲ ထားလိုက်ကြတော့တယ်။

" ဟစ်....''

နောက်နေ့ မနက်ခင်း ကျန်းရှုက သွားတိုက်နေရင်းနဲ့ ရုတ်တရက်ကြီး  နေ့ရက်တွေကို ထပြီး  ရေတွက်ကြည့်နေလေတယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now