Chapter (28.3)

2.9K 451 5
                                    

{Unicode } (28.3)

" စားပွဲ တစ်ခု ကို သိမ်းလိုက် ''

ရှန်ဖေးကျီးက လုခယ်ကို အမိန့်ပေးလိုက်တယ်။ လုခယ်က သူ့ရှေ့က ကော်ဖီ တင်ထားတဲ့စားပွဲနဲ့ ကျန်းရှုတို့ ထိုင်သွားတဲ့ စားပွဲကိုကြည့်လိုက်တယ်။

သူ့မျက်လုံးထဲမှာတော့ ထိုစားပွဲ ၂ခုက အတော်လေး သေးလေတယ်။

" ဒီတစ်ခု ကိုပဲ သိမ်းကြစို့''

ရှန်ဖေးကျီးက ရှုပေါ်စု ရဲ့အိမ်ကို နောက်တစ်ခါထပ်ပြီးတော့ ဝှေ့ကြည့်လိုက်တယ်။

ဒါက အတော်လေးကို သေးတာပဲ။

တစ်လမှာ ငွေ၁၀ ဘီလီယံ လောက်ရှာနိုင်တဲ့လူက ဒီလိုသေးတဲ့ အိမ်လေးမှာ နေဖို့ရွေးချယ်ခဲ့တယ်တဲ့လား။ ဒါက စိတ်ကူးကြည့်ဖို့ရာ အတော်လေး ခက်ခဲတာပဲရော။

" လောင်ရှုရဲ့ ဘဝကြီးက တကယ့်ကို ခက်ခဲနေတာပဲကွာ''

လုခယ်က ဆက်ပြောတယ်။

" ငါက သူ့ကို ပိုက်ဆံပျက်နေတာလား မေးတော့ သူကမပျက်ဘူးပဲ ပြောနေတာဟ။ တကယ်လို့သာ ငါသိရင် သူ့ကို ပေးမှာပေါ့''

" အစပိုင်းမှာ တော့ ငွေကြေး ကြပ်တည်း ပျက်လပ်မှု မရှိတာက အမှန်ပဲလေ''

ဘေးဘီဝဲယာကို ကြည့်ပြီးတော့ ရှန်ဖေးကျီး ရဲ့ အကြည့်တွေက ပိုပြီးတော့​တောင်ရှုပ်ထွေးလာတယ်။

" အခုသူက ခက်ခဲ ခါးသီး တဲ့နေ့ရက်တွေကို ကျော်ဖြတ်နေရတာကို မင်းမသိဘူးလား။ သူသုံးဖို့အတွက် မဟုတ်ပိုက်ဆံကိုတောင် ချေးနေရတာကိုပဲ ကြည့်ပါလား''

ရှုပေါ်စုရဲ့ လက်ထဲမှာတော့ ခေါက်ဆွဲ တစ်အိုးကို ကိုင်ကာ ထွက်လာတယ်။ သူ့နောက်မှာ တော့ ကျန်းရှုက ဖက်ထုတ် ပေါင်း တစ်အိုးကိုကိုင်ကာ ထွက်လာလေတယ်။

ထိုအရာက အတော်လေး ပူတာကြောင့် ကျန်းရှုက စားပွဲပေါ်ကို မြန်မြန် ချပြီးတာနဲ့ သူ့လက်ချောင်းလေးတွေကို နားရွက်ဆီ ကပ်လိုက်တယ်။

" မင်းလေးကို မလုပ်ပါနဲ့ လို့ပြောနေတာကို နားမထောင်ဘူး ရော ကြည့်စမ်း ''

ရှုပေါ်စု က အနည်းငယ် ဆူလိုက်ကာ သူ့မျက်နှာကတော့ ကောင်လေးရဲ့ လက်ချောင်းလေးတွေကို ကြည့်လိုက်တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now