Chapter (26.2)

3.1K 485 8
                                    

{Unicode }(26.2)

" ခများကိုက စိတ်မရှည်ဖြစ်နေတာလေ''

ကျန်းရှုက တိုးတိုးလေး  ပြောလိုက် တယ်။

" ဒါဆို''

ရှုပေါ်စုက အသက် တစ်ချက်ရှု ကာပြောလိုက်တယ်။

" နောက်တစ်ခါ မင်းအိမ်ပြန်လို့ရှိရင်လေ ကိုယ့်ကို လာကြိုပေးလို့ ရမလားဟင်''

"ခများက အဲ့တာကိုတောင် ဟာသလုပ်နေသေးတယ်?''

ကျန်းရှုက ထိုစကားလေးပဲ ပြောခဲ့ကာ ဓာတ်လှေကားထဲ ကနေ အပြင်ကို ထွက်သွားပြီး တံခါးဖွင့်လိုက်တယ်။

ဟောခန်းလမ်းမ ထဲမှာ သူ့ရဲ့ဖိနပ်တွေကို လဲစီးပြီးတဲ့နောက် သူ့နောက်ကနေ တစ်စုံတစ်ယောက် က သူ့ကို ပွေ့ချီ လိုက်တယ်။

" ဒီညလည်း ညစာကျွေးမယ် မလားဟင်? အိုကေလား? "

(ညစာ mean 🌚)

ရှင်းသန့်တဲ့ အမူအရာနဲ့ နား နားလေးကို ကပ်ပြောလိုက်တဲ့ လေသံက ငြင်သာနေပေမယ့် ပြောချင်တဲ့အဓိပ္ပါယ် နဲ့တော့ လုံးဝကို ကွာခြားနေပါတော့တယ်။

" ခများ.......ခများ လက်ထဲက ဖရဲသီးကို ရေခဲသေတ္တာ ထဲသွားထည့်လေ''

ကျန်းရှုက အနည်းငယ် ရုန်းကန် တော့တယ်။

" အားလပ်ချိန်လေးမှာ နည်းနည်း.....လောက်ပါကွာနော်?''

ရှုပေါ်စုက ထိုကောင်လေး ကို ရေချိုးခန်းထဲ ဆွဲခေါ် သွားတယ်။ ဒါပေမယ့် ရေချိူးခန်းက အတော်လေးကို ကျဥ်းမြောင်းနေလေတယ်။ သူလည်း အထဲကို ဝင်လာချင်းပဲ အဝတ်လျော်ဇလုံကို တိုက်မိတော့တယ်။

" ဟမ်း...''

"အရူးပဲ''

ကျန်းရှုက ငိုရမလား ရယ်ရမလားတောင် မသိတော့ပါဘူး ။ သူက အောက်ကို ဖြေးဖြေးလေး ဆင်းလိုက်တယ်။ လူတွေကတောင် ဒီနေရာမှာရောက်နေပြီပဲလေ။ သူတို့တွေက အလျင် မလိုပါဘူး။

ဒါပေမယ့် ရှုပေါ်စု ကတော့ ပုဂ္ဂိုလ် ရေးအရ စွမ်းဆောင်ဖို့ အသင့်ဖြစ်နေပါပြီမို့ သူ့ခမျာ မထိန်းနိုင် တော့ပါ ဘူး  ။

ဒါပေမယ့် သူအံ့သြမိတာက ဓာတ်လှေကားထဲ မှာပြောခဲ့တဲ့ သူ့စကားတွေကြောင့် ဒီလောက်အကျိိုးသက်ရောက် မှုကြီးရှိသွားရသလား ဆိုတာကို ပါပဲ?

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now