Chapter (34.1)

2.9K 408 9
                                    

[Unicode] (34.1)

လေးလုံး ကထိိုကဲ့သို့ ကိုယ်ဝန် အကြောင်း ကို စနောက် ပြီးတော့ သာမန်ဟာသ ပြောသလိုသာ ပြောလိုက်တာပဲ ဖြစ်တယ် ။ ဒါပေမယ့် သေးငယ်တဲ့ သူ့ရဲ့သူငယ်ချင်းလေးက ဖြူဖြော့သွားတာကို တွေ့လိုက်ရတော့ သူက မေးလိုက်တယ် ။

" ကျန်းရှု မင်းဘာဖြစ် တာလဲ? မင်းတကယ်ကြီး နေမကောင်း ဖြစ်နေတာလား?''

ကျန်းရှုက အစကတော့ ကြောက်စိတ်တွေ မွှန်သွားကာ နောက်တော့မှခေါင်းကိုငြိမ့်ပြလိုက်တယ်။ ပြီးတော့ အသက်ပြင်းပြင်း ရှုကာပြော လိုက်တယ် ။

" ငါသန့်စင်ခန်း ခဏသွား အုံးမယ်''

သူက ထရပ်ကာ သန့်စင်ခန်း ကို ရှာပြီး တော့ လျောက်သွား လိုက်တယ်။ ပြီးတော့ ရေအေးအေးနဲ့ မျက်နှာ တစ်ခု လုံးကို သစ်ချလိုက်တယ်။ နောက်တော့ ငါ့ နှလုံးသား ထဲမှာ စကားတစ်ခွန်း က တိတ်တဆိတ် ကြီးထွားလာခဲ့တယ်။

ငါကိုယ်ဝန်မရ ဘူးလို့ဘယ်သူ ကပြောနိုင်လို့လဲ?

သူ့ရဲ့ ကိုယ်နဲ့ အမျိုးသမီး တစ်ယောက် ရဲ့ ကိုယ်က သိပ်ပြီးတော့ ကွာမှမကွာတာက်ိုလေ။

ဟုတ်ပြီ ။ ဒီတော့ သူက ကလေးမွေးနိုင်တယ်။ ကလေးမွေးတာက ဘာမှမထူးဆန်းဘူး။

ကျန်းရှုက သူ့ကိုယ်သူ ပြန်ပြီး စိတ်ငြိမ်အောင် လျော့ချနေခဲ့တယ်။ ဒါပေမယ့်အခုထိ တော့ အကြောက်တရားက အနည်းငယ် စိုးမိုးထားသေးတယ်။

တကယ်လို့ ငါ့မှာ ကိုယ်ဝန်ရှိနေရင်ကော ဘယ်လိုလုပ်ကြမလဲ?
( မွေးပေါ့ ယောက္ခမ ရဲ့)

ကျန်းရှုက ထိုဟာကို တွေးမိတော့ ရှေ့က မှန်ကိုကြောင်အစွာကြည့်နေမိတယ်။ ပြီးတော့မှ ဖြူဖျော့နေတဲ့ သူ့ရဲ့မျက်မှာကို လက်နဲ့ပွတ်ချလိုက်တယ်။

ကျန်းရှု တစ်ယောက် သန့်စင်ခန်း ထဲမှာ အချိန်ဘယ်လောက် ကြာကြာနေခဲ့မိမှန်း မမှတ်မိတော့ပါပေ။ သူလည်း ထိုထဲကနေ ထွက်လာတော့ လေးလုံး က ပြောလေတယ်။

" ငါငွေချေပြီးသွားပြီကွ''

လေးလုံး တစ်ယောက် တစ်ကယ်ကြီး ထပ်မစားနိုင်တော့ပေမယ့် သူကငွေကိုတော့ရှင်းပေးခဲ့တယ်။ နောက်တော့သူက ကျန်းရှုကို ဂရုတစိုက် နဲ့  အကြံပေးလိုက်တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now