Chapter (17.2)

4.6K 700 11
                                    

{Unicode }(17.2)

ကျန်းရှုရဲ့ကိုယ်လေးက တုန်လှုပ် သွားလေတယ်။

" ကျွန်တော် က ခများကြီးနဲ့ မဆွေးနွေးချင်ပါဘူး။ ပါးစပ် ကိုခုပိတ်....''

ကျန်းရှုက ပိတ်ဟောက်တယ်။

" အိုကေဗျာ။ ကိုယ်လည်း ဆက်မပြောရဲတော့ပါဘူး ခမျာ ''

ရှုပေါ်စုက တိုးတိုးလေး ပြောရင်း လူငယ်လေး ဘေးနားကို အသာလေး တိုးကပ်သွား လေတယ်။

" စတော်ဘယ်ရီလေး.... ကိုယ်က အခုလိုမျိုး ဘဝလေးကိုတော့ အတော့နှစ်သက်မိတယ်။'' 

ကျန်းရှုက သူ့ကို ဘာမှ ပြန်မပြောလေဘူး။

" ကိုယ်က ဘာကြောင့် အိမ်က ထွက်လာ သလဲဆို တာမင်းလေး သိရဲ့လား ?''

ရှုပေါ်စုက သူ့လက် ကိုမြှောက်ကာ ဝဲကျနေတဲ့ ကျန်းရှုရဲ့ ဆံပင်တွေကို အနောက်ဆီ သပ်ပေးရင်း ပြောလိုက် တယ်။

" ကိုယ့်ရဲ့မိဘ တွေက ကိုယ့်အပေါ်ကို အရမ်းကို မျှော်လင့် ချက်ထားလွန်းလို့ပဲ ''

" Puff....''

ကျန်းရှု တစ်ယောက် ရယ်မောမိတယ်။

ဘယ်သူကများ ထိုလူ့လို သူ့ကိုယ်သူ ဖော်ပြနေလို့လဲ?

ဒါက အတော်လေး ရယ်စရာ မကောင်း ဘူးလား။

" မင်းလေးက ကိုယ့်ကို လှောင်နေတယ်ပေါ့လေ။ ''

ရှုပေါ်စု က စပြီးတော့ ကလိထိုးတော့တယ်။ သူဟာ သူ့နှလုံးသားထဲက အကြောင်း အရာတွေကို တစ်ခြားလူတွေသိအောင် ထုတ်မပြောပြ ခဲ့လေဘူး။ ဒါပေမယ့် ကျန်းရှု ရှေ့မှာတော့ ထုတ်ပြခဲ့တယ်။

" ကိုယ့်အတွက် အပြီးပြည့်စုံတဲ့ ပုံရိပ်တစ်ခု က တည်ဆောက် ဖို့ရာ အရမ်းကို လွယ်ကူ တယ် ။ ဒါပေမယ့် အဲ့တာက ကိုယ့်အစစ် အမှန်မဟုတ်ဘူး ''

တကယ်လို့ ရှုပေါ်စု သာ မိသားစု နဲ့အတူ အမြဲထာဝရ နေရင် အမြဲတမ်း ပြီးပြည့်စုံ တဲ့ ရှုပေါ်စု ပဲ ရှိလာမှာပဲ ဖြစ်တယ်။

" ခများတို့ လူချမ်းသာ တွေက ဘယ်လို ကစား ရမလဲဆိုတာ ကောင်းကောင်း သိတာပဲရော ''

ကျန်းရှုက လှောင်လိုက်တယ်။

" စတော်ဘယ်ရီလေး ကရော ကိုယ့်အစစ် အမှန်ကို သိချင်လား? "

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now