Chapter (33.3)

2.9K 419 5
                                    

[Unicode] (33.3)

ရှုပေါ်စုလည်း ထွက်သွား ပြီးရော ကျန်းရှုက ရေချိုးခန်း တံခါး ကို လက်တစ်ဖက် နဲ့ပိတ်လိုက်တယ်။ ပြီးတော့ ဘေစင်ကို လက်၂ ဖက်လုံးနဲ့ ဆုပ်ကိုင် ကာ စတင်ပြီး အော့အန်တော့တယ်။ ဒါပေမယ့် သူအန်ထုတ်ခဲ့သမျှ အကုန်လုံး က ရေတွေနဲ့ လေတွေပဲ ဖြစ်လေတယ်။

အန်ပြီးတဲ့နောက်ကျန်းရှုက တာဝါ တစ်ခု ကို ထုတ်ကာ သူ့မျက်နှာ ကို သုတ်လိုက်တယ်။ ဒါပေမယ့် သူက ထိုအန်တာကို အလေးအနက် မထားခဲ့ပါပေ။ ဘာလို့လဲဆိုတော့ သူ့ကိုယ်မှာ ဘယ်နေရာမှ နေမကောင်း တာမျိုး မဖြစ်ခဲ့လို့ပဲ ဖြစ်တယ်။

ဒါ့ပြင် ရှုပေါ်စု က သူစားဖို့ အတွက် ငါးစွပ်ပြုတ် ချိုချို လေးကို ချက်ပေးတဲ့ အတွက်ကြောင့် သူ့ရဲ့စားချင်စိတ်တွေ က အတော်လေး ပိုကောင်း သွားလေတယ်။

အခုချိန်က သြဂုတ်လကို ရောက်နေပြီပဲ ဖြစ်တယ်။ ဒါက နွေရာသီပိတ်ရက် တစ်ဝက်ကျိူးပြီ လို့ပြောလို့ရတယ်။

ကျန်းရှု ကတော့ နေ့တိုင်း ပဲ စားတယ်။ သောက်တယ်။ အိပ်တယ်။ ဆော့တယ်။ လုံးဝကို ငါးဆားနူတစ်ကောင်လိုပဲ။

အစပိုင်း ကတော့ထိုဘဝကို ဖြတ်သန်း ရတာသူအနည်းငယ်တော့ အားတုံ့အားနာ ဖြစ်မိပေမယ့် နောက်တော့ သူက ထိုဘဝကို နေသား ကျလာတယ်လို့ပြောလို့ရတယ်။

အခုချိန်မှာ အားလပ်ရက် ဖြစ်နေတာကြောင့် အနုပညာ လောကရဲ့ အကောင်း ဆုံးအချိန်ပဲ ဖြစ်လေတယ်။ ဒါကြောင့် သူ့အဖေ ကျန်းချူနမ် ကတော့ အတော်လေး အလုပ်ရှုပ်နေတာကြောင့် ကျန်းရှုအပေါ်ကို အာရုံမထားနိုင်ခဲ့ပေ။ ကျန်းရှုရဲ့ ဘဝကတော့ ဒီအတောအတွင်း မှာ အရမ်းကို ကောင်းမွန်နေခဲ့ လေတယ်။

လေးလုံးက ထိုမြို့ပေါ်မှာပဲ တစ်ချိန်လုံး အလုပ်လုပ် နေခဲ့ရတယ်။ ဒါပေမယ့် သူ့သူငယ်ချင်း အများ စုက မြို့ပေါ် မှာမရှိနေကြလေဘူး။ ဒါကြောင့် မကြာခင်မှာပဲ လေးလုံးက ကျန်းရှုနဲ့ အတူနေ့လည်စာကို စားဖို့ချိန်းဆို ခဲ့လေတယ်။ လေးလုံးက ကျန်းရှု တစ်ယောက် အလုပ်မလုပ်တာ ကိုသိပြီးနောက် သူကဂုဏ်ယူစွာနဲ့ ပြောတော့တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now