Chapter (38.1)

3.5K 491 35
                                    

[Unicode]  (38.1)

ကိုယ်ဝန်ရှိနေတဲ့ သူ့ဇနီးရဲ့ မျက်နှာလေးကို ကြည့်ပြီးတော့ ရှုပေါ်စု တစ်ယောက်  သူလေးကို ဘယ်လိုမျိုး နှစ်သိမ့် ကြင်နာမှု ပေးရမလဲ ဆိုတာကို မတွေးတက်တော့ပေ။ ဒါကြောင့် တွန့်ထားတဲ့မျက်ခုံးတွေ ပြေလျော့စေဖို့ရာ မျက်ခုံးလေးတွေ ၊ ပါးလေးတွေ နဲ့နှုတ်ခမ်းလေးတွေကို ငြင်သာစွာနဲ့ ပွေ့ဖက်နမ်းရှုံ့ကာ သူ့ရင်ခွင်ထဲကိုပွေ့ဖက်ထား လိုက်တော့တယ်။

" ဒါကြောင့်မို့ အရမ်းကြီး ကြောက်လန့် မနေပါနဲ့ ကွာ။ သူမွေးလာမယ့်အချိန် ထိစောင့်ကြတာပေါ့ ဟုတ်ပြီလား''

ကျန်းရှုက ထိုကြီးမားတဲ့ ရင်ခွင်ထဲကို မျက်နှာအပ်ထားပြီးတော့ မြန်ဆန်နေတဲ့ နှလုံးခုန်သံတွေကို နားထောင်နေခဲ့တယ်။ ရှုပေါ်စု က ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီလောက်ထိ စိတ်လှုပ်ရှား နေမယ်လို့ သူတကယ်ကြီး မထင်ခဲ့ပေ။ ဒါပေမယ့် ရှုပေါ်စုစိတ်လှုပ်ရှားလေလေ သူကပိုလို့တောင် စိတ်ချလာလေလေပဲ။

" အိုကေလေ ။ ဒီလိုဆိုမှတော့ ကြောက်မနေတော့ဘူး။ ''

ကျန်းရှုက သူ့ကိုပြန်ဖက်ပြီး ​ပြောလာတာကြောင့် ရှုပေါ်စု က စတော်ဘယ်ရီ ရတနာလေးကို ခပ်တင်းတင်းဖက်ထား လိုက်တော့တယ်။ ခဏလောက် ကြာပြီးတဲ့နောက် ရှုပေါ်စု က ခေါင်းကိုငုံ့ကာ ကျန်းရှုမျ​က်နှာလေးကို ကြည့်ပြီးတော့ မေးလာခဲ့တယ်။

" မင်းမပျော်ဘူးလားဟင် စတော်ဘယ်ရီလေး''

ဗိုက်ကြီးသည် ကျန်းရှုက ယခုအချိန်မှာ အတော်လေး စိတ်တည်ငြိမ်နေပေမယ့် ရှုပေါ်စုကတော့ အတော်လေးကို အထိမခံ စန်းစန်းတင့်လို့ နေပါတယ်။

" မဟုတ်ပါဘူး ဗျာ''

ကျန်းရှုက ပြန်မော့ကြည့်ကာ ပြောလိုက် တယ်။

" လွန်ခဲ့တဲ့ ရက်အနည်းငယ် လောက်တုံးက ကျွန်တော် သိသိချင်းပဲ ပျော်လွန်းလို့ လျှောက်ပတ်လိမ့်နေခဲ့သေးတာလေ။ အခုတော့ တည်ငြိမ်နေပြီပေါ့။ ကလေးရှိတာကို ကျင့်သားရသွားပါပြီ''

" ဖွီး ဟားဟားဟား ''

ရှုပေါ်စုက ရယ်မောကာ သူ့ဇနီးလေးက အတော့်ကို ချစ်ဖို့ကောင်း လာတယ်လို့မြင်လာတယ်။ ဘာလို့လဲ ဆိုတော့ သူတကယ်ကြီး သောက်ရမ်းတွေ ပျော်နေလို့ပဲ။ ၂ယောက်သား အိပ်ယာပေါ် မှာ ပူးကပ်စွာ ပွေ့ဖက်ထားမှုက ဧည့်ခန်းအတွင်း မဒမ်ရှုရှိနေသေးတာကို ကျန်းရှုပြန်အမှတ်မရခင်အချိန်ထိ မဖယ်ခဲ့ကြပေ။ နောက်တော့မှ ကျန်းရှုက လက်ချောင်းလေးတွေနဲ့ တို့ကာ ရှုပေါ်စု ကို​ပြောလိုက်တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now