Chapter (39.2)

3.4K 468 10
                                    

[Unicode]

ကျန်းရှုက ခေါင်းငြိမ့် လိုက်တယ်။ ဘာလို့လဲဆိုတော့ ရှုပေါ်စု ဟာ သူ့အဖွားကိုချစ်တယ်ဆိုတာကို သိလေတယ်။ ပြီးတော့ တွေးကြည့်ရင် ရှုပေါ်စု ပြောတာကလည်း လုပ်သင့်တာပဲလေ။

" ဒါဆိုရင် အဆင်ပြေတာပေါ့''

ကွမ်ယုပိုင် က အကြံပြုလိုက်တယ်။

" ကိုယ်ဝန်ရှိနေတဲ့ ပထအစောပိုင်း အချိန်မှာ စိတ်မကောင်း တာတွေ ဖြစ်လို့မရဘူးနော်။ မင်းစကားကိုလည်း ပြောတဲ့အခါမှာ နေ့တိုင်းပျော်ပျော်ရွှင်ရွှင်နဲ့ ​ပြောရမယ်နော်။ ပြီးတော့ မင်းနှလုံးသားကိုလည်း မနာကျင်စေနဲ့နော်''

ထိုစကားကို ကြားတော့ ကွမ်မေမေက သူမကိုသွယ်ဝိုက်ပြီး စောင်းလိုက်တယ်ဆိုတာကို မေမေရှုသိသွားတယ်။ ဒါကြောင့် မို့မေမေရှုက အပြုံးလေးနဲ့ပဲ ပြန်ပြောတယ် ။

" ကျွန်မတို့ရဲ့ အိမ်မှာ လူဦးရေတွေ အများကြီး မရှိပါဘူးရှင်။ ပြီးတော့ ရိုးရှင်းစွာ ပဲရှိကြပါတယ်။ ဂွတီးဂွကျနိုင်တဲ့ မိသားစု စည်းမျဥ်း ဘာညာတွေလည်း မရှိပါဘူး ရှင်။ ပေါ်စုနဲ့ သူ့ဇနီးတို့က ရှုအိမ်မှာ ပျော်ပျော် ရွှင်ရွှင်နဲ့ နေနိုင်မှာပါ။ အဲ့အတွက်စိတ်ပူစရာ မလိုပါဘူး ရှင်''

ကွမ်မေမေက ပြုံးကာ ပြောလိုက် တယ်။

" ဒါဆိုကောင်းတာ ပေါ့ရှင်''

ထိုအကြောင်းကို ပြောပြီးကြတာနဲ့ အရာအားလုံးက အဆင်​ပြေနေကြပါပြီ။ ကျန်းချူနမ် တို့လင်မယားက တင်းကြပ်တဲ့ အချိန်ဇယားတွေရှိနေသေးတာကြောင့် အရင်ဆုံးပြန်သွားရလေတယ်။ ပြီးတော့ သူတို့အားတဲ့အချိန်မှာ ရှုအိမ်ကို လာလည်ဖို့ ဖိတ်ခေါ်ချက်တွေ ရခဲ့လေတယ်။

ရှုမိသားစု ကတော့နေခဲ့ ပြီးတော့ ရှုမေမေက သူမသားရဲ့ အထုတ်တွေ ပြင်ဖို့ရာစေတနာ့ ဝန်ထမ်းလုပ်ပေးခဲ့လေတယ်။ ရှုထင်းရှောင် နဲ့ ကျန်းရှု က အချင်းချင်း တစ်ယောက် ကို တစ်ယောက် ဧည့်ခန်း ထဲမှာ မျက်လုံးကြီးပြူးပြီး ကြည့်နေခဲ့လေတယ်။

လူအိုကြီး က လူငယ်လေးနဲ့ စကားပြောချင်နေပေမယ့် လူငယ်လေး ကတော့ စကားပြောဖို့ကို စိတ်မဝင်စားခဲ့ပေ။ ရှုပေါ်စု ကဒီလိုမျိုး ကို့ယို့ကားယား ဖြစ်နေတဲ့လေထုကို ရှာဖွေတွေ့ရှိသွားတော့တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now